Wednesday, July 8, 2015

သိရင် စိတ်ဆိုးစရာ လိုသေးရဲ့လား။

မိမိက သမ္မုတိသစ္စာ အားဖြင့် လောကကြီးထဲမှာ အလိမ်ခံရတဲ့ ပုဂ္ဂိုလ်တွေ မရှိဘူးလား။ မိမိက ပစ္စည်းနဲ့ ပတ်သက်လို့ အလိမ်ခံရတယ် ငွေကြေးနဲ့ ပတ်သက်လို့ အလိမ်ခံရတာတွေနော်။ အဲတော့ ဘုရား ဟောတော်မူတဲ့ သစ္စာတရား ခန္ဓာကို ပြန်ပြီးတော့ လေ့လာကြမယ်ဆိုရင် အကြောင်းရှိသလောက် အကျိုးတရားတွေ ပေါ်တယ်  လို့မဟောဘူးလား။

အဲတစ်ကြိမ်က နှစ်ကြိမ်၊ နှစ်ကြိမ် က သုံးကြိမ်၊ ပြေပြေပြစ်ပြစ် တောင်းလို့မှ မရဘူး ဆိုရင် ဘဝအဆက်ဆက်က ကိုယ်လိမ်ခဲ့တာကွဲ့ကြားရဲ့လား။ လိမ်ခဲ့တော့ကာ အကြောင်းရှိတော့ အကျိုးတရားတွေ မပေါ်ဘူးလား။ အဲလို ပြေပြေပြစ်ပြစ် တောင်းလို့ မရရင် ကိုယ်လိမ်ခဲ့တာတွေ ထင်ရှားတယ်နော်။ အဲလို သိရင် စိတ်ဆိုးစရာ လိုသေးရဲ့လား။

ကြွေးဟောင်း မကျေဘူးလား။ ကြွေးသစ် မတင်သေးရဲ့လား။ အဲတာ ယုံကြည်ဖို့ လိုတယ်နော်။ အဲတာ အကုသိုလ်ကံတွေ ယုံကြည်ဖို့လိုတယ်။ ကြွေးဟောင်းကျေသွားတာပေါ့ကွ။ အဲလို စိစစ်ဖို့လိုတယ်နော်။
အခိုးခံရတာတွေ မရှိဘူးလား။ ဒီအခိုးခံရတာတွေက အဆက်ဆက်က ဘဝ အဆက်ဆက်က ကိုယ်က ခိုးခဲ့ရင် ကိုယ့်အလှည့် လွတ်ပါ့မလား။ မလွတ်ဘူးနော်။ အကြောင်းရှိလို့ အကျိုးတရားတွေပေါ်တာ။ အဲလိုစိစစ်ဖို့လိုတယ်။

ဒါကြောင့်မို့လို့ တစ်ယောက်နဲ့ တစ်ယောက် အပြောအဆို၊ အပုပ်ရည်သွင်းတဲ့ စကားမျိုးတွေကို အပြောအဆို ခံရတာ။ အဲဒါလည်း အကြောင်းရှိလို့ အကျိုးတရား ပေါ်တာကွဲ့။ ကမ္မံ ဝိပါကဿ ကြားလား။ ကံကို ယုံကြည်ဖို့လိုတယ်နော်။

ကျေးဇူးတော်ရှင် အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ မုံလယ်တောရဆရာတော်ဘုရားကြီး ဘဒ္ဒန္တသံဝရ
အမေရိကန်နိုင်ငံတွင် ၁၃၆၇-ခု၊ကဆုန်လဆန်း ၁၃-ရက်၊သောကြာနေ့
၂ဝ.၅.၂ဝဝ၅၊နံနက် (၈) နာရီ အချိန်တွင် ဟောကြားတော်မူသော
ခန္ဓာဉာဏ်ရောက် ဒိဋ္ဌိဖြုတ် တရားတော် မှစာစီပူဇော်ပါသည်။
မုံလယ်ဇ

No comments:

Post a Comment