#################
ပဋိစ္စသမုပ္ပါဒ်ကို ပြန်ပြီးတော့ လေ့လာကြည့်တော့....၁၂ မရဘူးလား။
အကွက် အနေနဲ့ ၄ ကွက် မရလား။
အေး.... အခု ရောက်နေတာ ဘယ်အကွက်ထဲမှာလဲ ။ပစ္စုပ္ပန် ၂အကွက် ခန္ဓာကို သိဖို့လိုတာပေါ့။
ပစ္စုပ္ပန် ဆိုတော့... ကြားဆဲကို ယူပေါ့။
ပထမအချိန်ကဟောတာ အတိတ် မရဘူးလား။
ကဲ... ည ရောက်ပြီလားဟဲ့။
အနာဂတ်ကား မရောက်သေးဘူးပေါ့။တော်တုန်းက ကြားပြီးကလည်း အတိတ် မရဘူးလား။
အခုဟောဆဲကလည်း ပစ္စုပ္ပန် ပါဗျာ့။
အဲသလို သိဖို့ မလိုဘူးလား။
" ပစ္စုပ္ပနဉ္စ ယော ဓမ္မံ အနိမိတ္တဉ္စ ဘာဝေဟိ" လို့ မဟောဘူးလား။
အေး အဲဒီ ခန္ဓာ ငါးပါးက ခြေလက်အင်္ဂါ မပါဘူးနော်။ခန္ဓာ ဆိုတဲ့ကိစ္စ.....
ရူပက္ခန္ဓာ ဝေဒနာက္ခန္ဓာ သညာက္ခန္ဓာ သင်္ခါရက္ခန္ဓာ ဝိညာဏက္ခန္ဓာ ပေါ့။ခြေတွေ လက်တွေ ပါရဲ့လား။
ခြေလက်အင်္ဂါ မပါတာ ဘယ်လို ပိုင်းခြား သိမလဲ ...ဟေ့။
ဘယ်လို ပိုင်းခြားသိကြမလဲ ခြေလက်မပါတာ။ ကဲလုပ်ကြဦး။
သေချာချာ စဉ်းစားနော်။ ထင်တော့ ခြေလက်အင်္ဂါ လို့ မထင်ဘူးလား။
"တရားပျောက်တော့ ကိုယ်မှာရှာ
ကိုယ်မှာရှာတော့ တရားတွေ့တယ်လို့" မဟောဘူးလား။
ကိုယ်ဆိုတာ ခြေလက်အင်္ဂါ ပြောတာ မဟုတ်ဘူး။
ခန္ဓာကို ပြောတာ။ရူပက္ခန္ဓာ ဝေဒနာက္ခန္ဓာ သညာက္ခန္ဓာ သင်္ခါရက္ခန္ဓာ ဝိညာဏက္ခန္ဓာ ပေါ့။
မြင်တယ်ဆို ခန္ဓာငါးပါး တစုံမရလား။ ကြားတယ်ဆိုတာ ခန္ဓာငါးပါး တစုံမရလား။ ဥပမာလေး ပြောကြဦးစို့နော်။
ကဲ အခု ဒီဟာ ဘာမြင်သလဲဟေ့။ (-ခွက်အဖြူလေး ကိုင်ပြသည်။)
အဖြူလေး မြင်တယ် အဖြူလေး အဖြူလေး။နော်
ကဲ ခွက်လို့ပြောရတာပေါ့ ။ ဘယ်ဟာမြင်လဲမေးတော့ အဖြူလေး ပေါ့။
ကဲတခါ ပြန်ချလိုက်ပြီနော်။ တခါ ဘာလေး မြင်တာလဲဟေ့။အစိမ်း မြင်တယ်နော်။
တော်တုန်းက အဖြူမြင်တဲ့ ခန္ဓာ ရှိသေးရဲ့လား။
သေချာချာလေ့လာနော်။
ဘယ်ကို ရောက်သွားသလဲဟေ့။ ....
အနိစ္စ။သြော် အဖြူက ရှိသေးရဲ့လား။ အစိမ်းမြင်တဲ့ ခန္ဓာက အစားထိုးမလာဘူးလား။
ဖြူတဲ့ ခန္ဓာ သေ သွားပြီဟေ့။သုံးလေးယောက် ထမ်းပြီးတော့ ပို့ရသေးသလား။ "အနိမိတ္တ အနိစ္စ" လို့မဟောဘူးလား။
ခြေလက်အင်္ဂါ တွေပါရဲ့လား။ ခြေလက်အင်္ဂါ ဆိုရင်တော့ ရွာထဲက လူခေါ်ရအုန်းမှာ ။ ဒီကလူတွေနဲ့ မနိုင်ဘူး ကြားလား။ ဆိုင်းထမ်းရမှာနဲ့။
အလောင်းထမ်းရမှာနဲ့လေ။
အေး အဲဒီခန္ဓာ အဖြူမြင်တဲ့ ခန္ဓာ ရှိသေးရဲ့လား။
သဘောအနေနဲ့ မထင်ရှားလား။ အဖြူမြင်တဲ့ ခန္ဓာက အနိစ္စ အစားထိုးတဲ့ အစိမ်းမြင်တဲ့ ခန္ဓာက သင်္ခါရ ။
အနိစ္စ ဝတ သင်္ခါရာ လို့ မဟောလားဟေ့။
အဲလို သိဖို့ မလိုဘူးလား။
ကဲတခါ ပြန်ပြီးတော့ စိစစ်ကြဦးစို့နော်။
ဘာမြင်တာလဲဟေ့။
အစိမ်းမြင်တဲ့ ခန္ဓာ ရှိသေးရဲ့လား။အစိမ်းမြင်တဲ့ ခန္ဓာက အနိစ္စ မရဘူးလား။အနီမြင်တာက အစားထိုးမလာဘူးလား။
ဟိုက အစိမ်းက အနိစ္စ မရဘူး လား။ အနိစ္စ ဝတ သင်္ခါရာ လို့မဟောလား။ အစိမ်းက အနိစ္စ ပေါ့။ အနီက အစားထိုးတော့ သင်္ခါရ မဖြစ်လား။
ကဲ အဲဒီခန္ဓာထဲမှာ ခြေလက်အင်္ဂါ တွေ ပါရဲ့လား။
မျက်နှာတွေ ခေါင်းတွေ ပါရဲ့လား။ သဘောအနေနဲ့ မထင်ရှားလား။
အဲဒါ "ပစ္စုပ္ပနဉ္စ ယော ဓမ္မံ အနိမိတ္တဉ္စ ဘာဝေဟိ" ကြားဆဲခန္ဓာကို သိဖို့ မလိုလားဟေ့။ အဲလို စိစစ်ကြဗျား။ ခြေတွေ လက်တွေ ပါရဲ့လား။ အေး... အဲလို သိဖို့ လိုတယ်နော်။
ခြေလက်အင်္ဂါ ပါရင်တော့ စွဲ ဦးမှာပေါ့ဟေ့။ ခြေလက်အင်္ဂါ မပါတော့ စွဲစရာ လိုသေးရဲ့လား။
အေး အဲဒါ အနိစ္စ လို့ မဟောလား ။အဲဒါ အစားထိုးတာသိ။
"မရှိတာသိ အစားထိုးတာသိ ။
မရှိတာသိ အစားထိုးတာသိ" နော်။
"ရှေ့ကဖြစ်ပျက်နောက်ကမဂ်။
ရှေ့ကဖြစ်ပျက် နောက်ကမဂ် ။"
ဖြစ်ပျက်နဲ့ မဂ်နဲ့ ဝင်မနေဘူးလား။
အဲတော့....
ဖြစ်ပျက်နဲ့ မဂ်နဲ့ ဝင်တယ်ဆိုကတည်းက ဒီက ၃အကွက်က ကိလေသာဝင်ခွင့်ရရဲ့လား။
ဝင်ခွင့်မရတော့ဘူးနော်။
၂မှာ ရှိတယ်ဆိုတဲ့ ခန္ဓာက ဖြစ်ပြီးပျက်တယ်ဆိုတော့...သိပြီး ပျက်တာပေါ့။
ကိလေသာ တဏှာ ဥပါဒါန် ကိလေသဝဋ်က မလာဘဲနဲ့ ချုပ်တာပေါ့။
ခန္ဓာက ရှိတဲ့နေရာက ချုပ်တာ။
ကိလေသာက မရှိတဲ့ဆီက ချုပ်တာနော်။
ခန္ဓာ မရှိတဲ့အတွက်" လောင်စာသိမ်းတယ်လို့" မဟောဘူးလား။
ကိလေသာမရှိတော့ "မီးငြိမ်းတယ်လို့" မဟောလားဟေ့။
အဲလို သိရင် ရာဂ ဒေါသ မောဟ ဖြစ်သေးသလား။ အဲဒါ နားပေါက်မှာ သိဖို့ မလိုလား။
"ကြားတိုင်း ကြားတိုင်း နိဗ္ဗာန် တဒိုင်းဒိုင်း"လို့ မဟောဘူးလား။
အဲလို သိဖို့ လိုတာဗျား။
ကျေးဇူးတော်ရှင် မုံလယ်ဆရာတော်ကြီး
အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ ဘဒ္ဒန္တသံဝရ
ရှေးတိပ်တရားတော် mc.25 မှ စာစီပူဇော်ပါသည်။
မုံလယ်ဇ....
No comments:
Post a Comment