=============
တစ်ယောက်နဲ့တစ်ယောက် အဆင်မပြေတာတွေ ရန်တွေ့တာ ဆိုတာ ကုသိုလ်လား အကုသိုလ်လား။ အကုသိုလ်က ချမ်းသာတဲ့ တရားလား ဆင်းရဲတဲ့ တရား။ တစ်ယောက်နဲ့ တစ်ယောက် စကားပြောတဲ့အခါ စိတ်ဆိုးတာနဲ့ မဆိုးတာ စိတ်ဆိုးတာက အကုသိုလ်။ စိတ်မဆိုးတာ ကုသိုလ်လို့ မဟောဘူးလား။ စိတ်မဆိုးတဲ့ အလေ့အကျင့် လုပ်ကြ။ စိတ်ဆိုးတာ အကုသိုလ်ကွဲ့ ကြားလား။ ဒါကြောင့် ခန္တီ ပရမံ တပေါ သည်းခံခြင်း မြတ်တယ် လို့မဟောဘူးလား။ သည်းခံခြင်း မြတ်တယ်နော်။ ကဲ မင်္ဂလသုတ် စာထဲမှာ သည်းခံရမယ် လို့ မပါဘူးလား။
ဒါနဲ့ ရှေးထက်ကျော် ကာရီက ရဟန်းနှစ်ပါး ခရီးသွားတဲ့အခါ တစ်ပါးက ငါးဝါလောက်ကြီးတယ်။ တစ်ပါးက ငါးဝါလောက်ငယ်တယ်။ ညအိပ်တဲ့ အခါကျတော့ အရှေ့ခေါင်းပြုပြီးလို့ ရဟန်းငယ် အိပ်ပျော်နေတဲ့ အခါ အဲဒီ ရဟန်းကြီးက သူ့ခြေရင်းမှာနေပြီးခါမှ အိပ်တော့တာ။ အဲဒီခါ ရဟန်းငယ်က ထတဲ့ခါ နင်းမိတာပေါ့။ အဲဒီလိုက ကြိမ်ဖန်များစွာ ခံရတယ် ပြုရတယ်။ ညစ်ပတ်တာ ညစ်ပတ်တာ။
အဲတာနဲ့ ခဏခဏ ခံရတော့ မတတ်နိုင် ဘုရားကို သွားလျှောက်တော့တာ အဲဒီလို တစ်ကြိမ်မက တစ်ကြိမ်နှစ်ကြိမ် မကဘူးဘုရား။ ကြိမ်ဖန်များစွာ ဘယ်လိုမှ မတတ်နိုင်လို့သာ လာလျှောက်ရတာ။ သည်းခံပါတဲ့ မြတ်စွာဘုရားက။ အဲဒီ ရဟန်းဟာ ငါ ဘုရားမဖြစ်ခင်က နုစဉ်တုန်းက သူနဲ့နေခဲ့တယ်တဲ့။ အဲဒီအကျင့်ဟာ မဖျောက်ဘူးတဲ့ သူ့မှာ။ ကြားလား အဲဒီအကျင့်က မဖျောက်ဘူးတဲ့။ ငါ ဘုရားမဖြစ်ခင် နုစဉ်တုန်းက သူနဲ့ နေခဲ့တယ်တဲ့။ ငါ တစ်ခွန်းမှ ပြန်မပြောခဲ့ဘူးတဲ့။ တစ်ခွန်းမှ ပြန်မပြောဘူးတဲ့။
အဲဒါ သည်းခံတာ။ အဲဒါ မင်္ဂလာသုတ် မင်္ဂလာသုတ် စာအုပ်ထဲမှာ သည်းခံတာ။ ခန္တီ ပရမံ တပေါ သည်းခံခြင်း မြတ်တယ်လို့ မပါဘူးလား။ ဒါ စာအုပ်ထဲမှာကွဲ့။ ကဲ အဲတာ ခန္ဓာရောက်အောင် လုပ်မှ သည်းခံတာ။ ဒီတော့စိတ်မဆိုးဘူးပေါ့။ စိတ်မဆိုးတာ ကုသိုလ်လို့ မဟောဘူးလား။ ဟိုက ကုသိုလ်ပေးနေတာ ဒီက ကုသိုလ်ကို မလိုချင်ဘူး။ ကြားလားဟဲ့ ပြန်ပြန်ကော်ဆဲတာ။ ဒါ ကုသိုလ်ပေးတာ မလိုချင်တာကွဲ့။ ဒါ သည်းခံတော့ ကုသိုလ် မဖြစ်ဘူးလား။ အဲဒါ ကုသိုလ်ဆိုတာ လုပ်တတ်မှ ယူတတ်မှ ရတာဗျား။ အခုတော့ ငါမဟုတ်တာ မခံနိုင်ဘူးဟေ့။ အားပြန်ပြောတော့တာ။ အကုသိုလ်မဖြစ်ဘူးလား။ ဟိုက ကုသိုလ်ပေးတာ။ ဒီက အကုသိုလ်။ အဲဒါ သည်းခံတယ် ဆိုတော့ ကုသိုလ်မဖြစ်ဘူးလား။ အေး လူတွေက မယူတတ်ဘူးကွဲ့ ကြားလား။ ကြားဖူးတော့ နားဝ၊ နားဝ တော့တရားရတယ် ဆိုတာ ကုသိုလ်မဖြစ်ဘူးလားဟေ့။ အဲဒါ အတုယူရမှာနော်။ သိမှ ပယ်နိုင်မှာ မသိ ပယ်နိုင်ပါ့မလား။ သိအောင် ကြိုးစား။
ကျေးဇူးတော်ရှင် အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ မုံလယ်တောရဆရာတော်ဘုရားကြီး ဘဒ္ဒန္တသံဝရ
အမေရိကန်နိုင်ငံတွင် ၁၃၆၇-ခု၊ကဆုန်လဆန်း ၁၃-ရက်၊သောကြာနေ့
၂ဝ.၅.၂ဝဝ၅၊နံနက် (၈) နာရီ အချိန်တွင် ဟောကြားတော်မူသော
ခန္ဓာဉာဏ်ရောက် ဒိဋ္ဌိဖြုတ် တရားတော် မှစာစီပူဇော်ပါသည်။
မုံလယ်ဇ
No comments:
Post a Comment