နှလုံးသွင်း မှန်ဖို့လိုတာနော်။
ခန္ဓာငါးပါးလို့ သိဖို့အရေးကြီးတယ်။
ခန္ဓာငါးပါးကို မျက်စိပေါက်က ဘဲ သိသိ၊ နားပေါက်ကဘဲ သိသိ၊ နှာခေါင်းပေါက်ကဘဲ သိသိ၊
၆-ဒွါရမှာ ခန္ဓာငါးပါးလို့သိရင် သက္ကာယဒိဋ္ဌိ ပြုတ်ပြီနော်။
သက္ကာယဒိဋ္ဌိ ပြုတ်တဲ့ပုဂ္ဂိုလ် ကာယကံနဲ့ ပတ်သက်တဲ့ ကုသိုလ်-အကုသိုလ် ၊သံသရာလည်တဲ့ အလုပ် ကို လုပ်ဦးမလား။
သံသရာကထွက်တဲ့ ကုသိုလ်က တော့ မလုပ်ရပေဘူးလား။
အဲလို စိစစ်ဖို့လိုတယ်နော်။
အကုသိုလ်တရားကတော့ကာ မစင် များကို ကိုင်ရမှာ ရွံ့သလို အဲသလို ရွံ့တာကွဲ့။
အကုသိုလ်နဲ့ ပတ်သက်တာလေ။
ပါဏာတိပါတာ-အဒိန္နာဒါနာ-ကာမေသုမိစ္ဆာစာရာ-မုသာဝါဒါ-သုရာမေရယ ကိုပြုလုပ်ရမှာ မစင်ကိုကိုင်ရမှာ ရွံ့သလို ---
မစင်ကိုင်တဲ့အခါ မရွံ့ဘူးလားဟဲ့- အဲသလိုရွံ့တာ။
ကဲအဲဒီ သစ္စာတရား ခန္ဓာတရား မသိတဲ့ပုဂ္ဂိုလ် သက္ကာယဒိဋ္ဌိမပြုတ်တဲ့ ပုဂ္ဂိုလ် အကုသိုလ်နဲ့ ပတ်သက်ပြီးတော့ ခန္ဓာဝန်ထိန်းကျောင်း မလုပ်ကြဘူးလား။
သူ့အတွက်တော့ နှစ်နှစ်ကာကာပေါ့နော်။
အကုသိုလ် ရက်ရက်စက်စက် လုပ်ရဲတယ်။
စိတ်နေစိတ်ထားလေးတွေ စိစစ်ဖို့ကောင်းတယ်နော်။
ကျေးဇူးတော်ရှင် မုံလယ်တောရ ဆရာတော်ဘုရားကြီး
မိုးကုတ်ဝိပဿနာ ကမ္မဋ္ဌာနာစရိယ
အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ ဘဒ္ဒန္တ သံဝရ။
No comments:
Post a Comment