Friday, July 10, 2015

ကျုပ်ကလည်း မိဘကို မကျွေးခဲ့ဘူး...သူတို့ကလည်း ကျွေးမှာ မဟုတ်ဘူးတဲ့......။


@@@@@-@@@@@-@@@@@-@@@@@-

တရား ဆိုတာ မှန်တာကိုး...
အမှန်သိရင် အမှား ပျောက်တာပေါ့။
အမှန်ကို ကြားဖူး နားဝ ရှိငြားသော်လည်း အဓိပ္ပါယ် မပေါ်ရင် မသိဘူးကွဲ့...။

ဘုန်းကြီးတို့ လှေသမား ဘဝတုန်းက.....
ကလေးဝမှာ မိတ်ဆွေ နှစ်ယောက်...။သူတို့ တွေ့ကြတာကိုး။

သူငယ်ချင်းရယ် သေမှန်း မသိ ရှင်မှန်း မသိ။
အခုမှ တွေ့ရတယ် ။ ဆယ့်ငါးနှစ် ကြာသွားပြီ။
ဘာကိစ္စလဲဟေ့...မမေးရဘူးလား။
မော်တော်မှာ ဆလှယ် လုပ်တာ။
လခ ဘယ်လောက် ရလဲ။
၁၅၀ .ရတယ်။

စံလင်းတို့ မောင်ကောင်းတို့ ခေတ်က ပေါ့ကွာ။
ရွှေက နှစ်ရာ ဈေး၊ တစ်ကျပ်သားကို နှစ်ရာဈေး။
အဲဒါတုန်းက ၁၅၀ ရတာ။

သားသမီး ဘယ်နှယောက် ရှိလဲ...။
လေးယောက် ရှိတယ်။
ကျောင်းသားလား။
ကျောင်းသား မဟုတ်ဘူး အိမ်ထောင်ဗျာ့။
အလုပ်က ဘာအလုပ် လုပ်လဲ။
တစ်ယောက်က အစိုးရ ဆီမှာ ကုန်သွယ်ရေး ဘက်က မန်နေဂျာ။
တစ်ယောက်က ကုန်စုံဆိုင်။
နှစ်ယောက်က တောင်သူကြီး။ ပဲကလည်း နှစ်ရာ သုံးရာ ရတာပေါ့။ စပါးက တစ်ထောင်ကျော် ရတာပေါ့။

နို့မို့ သားသမီး အထောက်အပံ့ တော့ ရမှာပေါ့။
အထောက်အပံ့ မရဘူး တဲ့။
မပေးလား.... မပေးဘူး တဲ့။
ကျုပ်လည်း မတောင်း။
ဘာဖြစ်လို့ မတောင်းတာလဲ... မမေးရဘူးလား။
ကျုပ်ကလည်း မိဘကို မကျွေးခဲ့ဘူး တဲ့။
(သူကလည်း မိဘကို မကျွေးခဲ့ဘူး တဲ့နော်။)
သူတို့ကလည်း ကျွေးမှာ မဟုတ်ဘူးတဲ့။
ဒါ တရားတာပေါ့ကွဲ့။

မတရားဘူးလား... မမှန်ဘူးလား။
ဒီလိုဆို ပြေမသွားဘူးလား ကွဲ့။
သို့မဟုတ် သူတို့ ငါ့ကို မပေးဘူး ပြောဦးမှာ။
အကုသိုလ်တွေ ဖြစ်ဦးမှာ။
အဲလို အကျိုးအပြစ်ကို သိတဲ့အခါ ... အမှန်သိတော့ အမှား မပျောက်လား။
အဲသလိုလည်း နှလုံးသွင်းကြဦး။ လေ့လာကြ လေ့လာကြ။

ကျေးဇူးတော်ရှင် မုံလယ်ဆရာတော်ဘုရားကြီး။
အဂ္ဂမဟာ ကမ္မဋ္ဌာနာစရိယ ဘဒ္ဒန္တ သံဝရ။
မိုးကုတ်ဝိပဿနာ ကမ္မဋ္ဌာနာစရိယ။

၁၃.၁၁.၂၀၀၈ နေ့ ၂နာရီ။
စစ်ကိုင်းတိုင်းဒေသကြီး ဝန်းသိုမြို့ ရွှေကျောင်း ကျောင်းတိုက်။

No comments:

Post a Comment