±±±±±±±±±±±±±±±±±±±±±±±±±±±±±±±±±±±
ဘုန်းကြီးတို့ ၁၈ နှစ် အသက် ၂၀ အရွယ်လောက်မှာ...
ဘုန်းကြီးတို့ ဒေသန္တရမှာ ဦးဖိုးလှ စိန်ကတုံး တဲ့ ကြားလား။
အဲဒီလူတွေ ရူးတာပေါ့။ ကွဲ့။
သို့သော်လည်း သူတို့ ဘုရား ဆွမ်းတော်တွေ တင်တဲ့အခါ ဆွမ်းတော်တွေ ကောက်စားကြတယ်နော်။ဘုန်းကြီးတို့ရွာနဲ့ ၁၅ မိုင်အကွာမှာ မင်းရွာဆိုတာမှာ ။ မြစ်မြောက်ဘက်က မြသိန်းတန် ဘုရားကြီး ရှိတာပေါ့.။ အဲဒီမှာ ဆွမ်းတော်တင် တဲ့အခါ ကျ ဆွမ်းတော်ကောက်စား ကြတယ်။
သူတို့က ဇရပ်မှာ နေတာပေါ့။
အဲဒီအမျိုးသား တယောက်က ထန်းရည် ကြိုက်တတ်တဲ့ လူကိုး။ သူ ထန်းရည် သောက်တဲ့အခါ ဝယ်လို့ မသောက်ဘူးပေါ့ သူကိုယ်တိုင် ထန်းတက်ပြီးတော့ သောက်တယ် ကြားလား သို့သော် အပေါင်းအဖော်နဲ့ မသောက်ဘူး သူကလေ။ သူ တယောက်တည်းသောက်တာ။
အဲဒါနဲ့ အဲဒီ ထန်းလှီးလာတဲ့အခါကျတော့ ဦး ဖိုးလှနဲ့ သွားတွေ့တာပေါ့။ ဟဲ့ ဖိုးလှ ထန်းရည် သောက်ချင် လိုက်ခဲ့ လို့ခေါ်တော့တာနော်။ အဲဒီလို ခေါ်တဲ့အခါကျတော့ ရူးတဲ့ ဦးဖိုးလှ က
ဟိုဘဝတုန်းက သောက်တာ အခုထိ အမူးမပြေသေးဘူးတဲ့ကွဲ့။
စဉ်းစားဖို့မကောင်းလား။
အဲဒါရူးတာ အမူးပြေလို့လား မပြေလို့လား။သြော်.... ဟိုဘဝတုန်းက သောက်တာ အခုထိ အမူးမပြေသေးဘူးတဲ့။ အဲဒါနဲ့ ထန်းတက်တဲ့လူ ထန်းရည် ကြိုက်တဲ့လူက သွားတော့တာပေါ့
ခြေတလှမ်းချင်း တလှမ်းချင်း စဉ်းစားပြီးတော့ သွားတယ်နော်။
အဲဒီလို စဉ်းစားရင်းနဲ့ သွားတဲ့အခါကျတော့
ထန်းပင်ကိုတက် အိုးတွေကို ရိုက်ခွဲ
ထန်းစတွေ အကုန်လုံး ချိုးဖဲ့ကြားလား။ အဲဒီနေ့က စပြီး မသောက်တော့ဘူးဟေ့ အဲဒီလူဟာလေ...။ဘုန်းကြီးဟောတုန်းက မကျွတ်ဘူးကွဲ့နော်။
အဲဒီအရူးကပြောကာမှ သတိရတော့တာ ကြားလား
အဲဒါ လေးလေးနက်နက်
စဉ်းစားဖို့မကောင်းလား။ သေသေချာချာ စဉ်းစားကြနော်။ အဲဒါကြောင့် ကမ္မဿကတာသမ္မာဒိဋ္ဌိ ကံ ကံရဲ့ အကျိးကို ယုံကြည်ဖို့မကောင်းလား။ အဲဒါ ယုံကြည်ရမယ်။
ကျေးဇူးတော်ရှင် မုံလယ်ဆရာတော်ကြီး
အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ ဘဒ္ဒန္တသံဝရ
ရှေးတိပ်တရားတော် mc.21 မှ စာစီပူဇော်ပါသည်။
မုံလယ်ဇ....
No comments:
Post a Comment