နံတဲ့အခါ နှာခေါင်းမှာ အလုပ်လုပ်ဖို့ မကောင်းဘူးလား စဉ်းစား။ နှာခေါင်းကလည်း အိမ်တစ်အိမ်ကနေ သူက အနာ ဖြစ်နေတာ။ အိမ်နားနီးတွေ မင်းတို့ ညှော် လုပ်ရင် သတိပေးကြစမ်း ဟေ့။ ခြင်ထောင်ထဲ ၀င်မယ်။ ညှော်ပုန်းမယ်။ အဲဒါ လေက ငြိမ်နေတော့တာ။ ဆီချက် သတ်တာ။ဧည့်သည်..ဧည့်ကလာတာ၊ ဒီမှာ သုတ်ဖို့။သုတ်ချင်တာကိုး စားစရာလေးတွေ သူကလည်း ဆီကြော်ပါရော။ လေက မြောက်က တိုက်တော့ နာတာက လည်း တောင်က အိမ်က နံတော့တာ။ အော်ဆဲတော့တာ။ ငါ သတိပေးထားတာ။ နင်တို့ ငါ့ တမင် အရွဲ့တိုက်တယ်။ မလာဘူးလား။ နံလိုက်တာကွာ နံတာကွာ။ နံတာကွာ မလာဘူးလား။ နံတယ်။
လူတစ်ယောက်က တောက အပြန် ယာထွန်ပြီးတော့ပြန်လာခဲ့တာ အခင်းထွန် ပြန်လာခဲ့တာ။ အဲဒီ အနံ့လေးကို တိုက်ဆိုင်တော့ မွှေးတာကွာ။ ထမင်းက ဆာလာတာပါ့ဟေ့။ မွှေးတာတဲ့။ ထမင်းကို ဆာတယ်တဲ့ဗျ။ ကဲ ဟိုက မွှေးတယ်။ ဟိုတစ်ယောက်က နံတယ်တဲ့။ အနံ့ကတော့ အတူတူ ပါကွဲ့။ ကြားရဲ့လား။
တစ်ယောက်က မွှေးတယ် လောဘကိလေသာ။ တစ်ယောက်က နံတယ် ဒေါသကိလေသာ။ အဲဒီ ကိလေသာ ဘယ်က လာတာလဲ။ အင်း အနံ့က လာတာ မဟုတ်ဘူး။ အနံ့ပေါ်မှာ ညှော် လို့ နှလုံးသွင်းမှားတာ။ စဉ်းစားဖို့ မကောင်းလား။ အနံ့ အနံ့ပေါ်မှာ ငါ့ကို ညှော် တိုက်ရပါ့မလားလို့ နှလုံးသွင်း မမှားဘူးလား။ ဒေါသကိလေသာ။ အဲဒီ အနံ့ပေါ်မှာ မိမိက မွှေးတယ်ဟေ့။ ကြက်သွန်ဖြူနံ့လေး ထမင်းကိုဆာလာတာပါ့။ လာပြီ ကဲ-နှစ်ယောက်ကို မတူဘူး တစ်ယောက်က မွှေးတယ် တစ်ယောက်က နံတယ်။ အနံ့ တစ်ခုတည်းမှာ။ နင့်ကိုနံစေ မင်းကိုမွှေးစေလို့ ပါရဲ့လား။ ဘယ်သူ့ မျက်နှာမှ မလိုက်တဲ့ ပရမတ် တရား။ ဘယ်သူ့မျက်နှာမှ မလိုက်ဘူး။ ကိုယ့်စိတ်က ထင်တာ။ “စိတ်ထင်လို့ ပါးစပ်ပြော။ ဓာတ်သဘောက အနံ့ ဘယ်သူ့ မျက်နှာမှ မလိုက်။” စိတ်ထင်တာက ဟော ညှော်နံတယ် မွှေးတယ် လာပြီ။ စိတ်ထင်လို့ ပါးစပ်က ပြောတယ်။ ဓာတ်ကတော့ အနံ့။ ဘယ်သူ့မျက်နှာမှ မလိုက်ဗျာ့။ အဲလိုဆို ရာဂ၊ ဒေါသ၊ မောဟ ဖြစ်ဦးမလား။ မဖြစ်ရင် “ကြားတိုင်း ကြားတိုင်း နိဗ္ဗာန် တဒိုင်းဒိုင်း”။
အခုတော့ ဒီလို မလေ့လာ မသိတော့ ကြားတိုင်း ဒေါသဖြစ်လိုက် လောဘဖြစ်လိုက် မောဟဖြစ်လိုက်။ အပါယ်ကလွတ်တာပါရဲ့လား။ သြော လောဘစိတ်နဲ့ သေရင် ပြိတ္တာ၊ အသူရကာယ်။ ဒေါသစိတ်နဲ့ သေရင် ငရဲ။ မောဟစိတ်နဲ့ သေရင် တိရစ္ဆာန်။ အဲလို လေ့လာဖို့မကောင်းလား။ အဲဒါ လိုတယ်။ ထိထိမိမိ သဘောပေါက်ဖို့ လိုတယ်။
ကျေးဇူးတော်ရှင် အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ မုံလယ်တောရဆရာတော်ဘုရားကြီး ဘဒ္ဒန္တသံဝရ ။
အမေရိကန်နိုင်ငံတွင် ၁၃၆၇-ခု၊ကဆုန်လဆန်း ၁၀-ရက်၊အင်္ဂါနေ့
(၁၇.၅.၂ဝဝ၅) နေ့လည် (၂) နာရီ အချိန်တွင် ဟောကြားတော်မူသော
ခန္ဓာဉာဏ်ရောက် ဒိဋ္ဌိဖြုတ် တရားတော်မှ စာစီပူဇော်ပါသည်။
မုံလယ်ဇ
No comments:
Post a Comment