🎓🎓🎓🎓🎓🎓🎓🎓🎓🎓🎓🎓🎓🎓🎓🎓🎓
ငါးပါးသီလမှာ ပါဏာတိပါတာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ ...ကဲ အဲဒါ သီလခံယူတဲ့အခါ မပါဘူးလား ပါသလား...။
အဲဒါ သတ်ရမှာလို့ ဟောသလား ရှောင်ရမှာလို့ ဟောသလား...။ ဟုတ်ကဲ့လားဟေ့။
ရှောင်ရမှာတဲ့နော်...။
ရှောင်ရမှာ ဆိုတော့...ဒါသာ အကုန်ရှောင်ရင် သားငါး စားစရာ ရှိတော့မှာ မဟုတ်ဘူး...။
ရှောင်ရင် စားစရာ ရှိပါမလား၊အကုန်လုံးရှောင်ရင်လေ....။စားစရာ မရှိတော့ဘူးနော်။
ဒါမို့ သူ့ကို ဂရုဓမ္မ ဝါရိတ္တသီလ လို့ကော မဟောဘူးလား...။ ဂရုဓမ္မထဲ မပါဘူးလား...။
ပါတယ်နော် အဲဒါ ဘုရားအဆူဆူ ရှောင်ပါလို့ မဟောဘူးလား။
ဆရာတော် သမားတော်တွေကလည်း ရှောင်ပါလို့ မဟောဘူးလား...။ ဟောတယ်ကွဲ့။
ကဲအလှူမင်္ဂလာ လုပ်တဲ့အခါ တချို့ကလည်း သတ်သတ်လွတ် ကိုး..။
တချို့ကလည်း အသားငါးပေါ့လေ...။
သတ်သတ်လွတ် ကျွေးတဲ့အခါ အချို့ ပုဂ္ဂိုလ် တွေလည်း ကြားတော့ ကြားဖူးတာပေါ့နော်...။
ပါဏာတိပါတာ မပါတော့ ဟာတိဟာတာ နေတယ်တဲ့ကွဲ့။ကဲ... ဘုန်းကြီးတို့ဘက်က... ဘုန်းကြီးတို့ဘက်က ကြားလား။
သေချာချာလေ့လာ။
ဟို...မုံရွာနယ်မှာ ရေကန်တူး...အဲဒီနယ်မှာ ရှိတယ်။
တနှစ်မှာ တကြိမ် ဘုရားပွဲလုပ်တာပေါ့...။
ရွာပေါင်း လေးဆယ်ကလုပ်တာလေ...။ သတ်သတ် လွတ် ... ငါးပိတို့ ဘာတွေ မခပ် ဘာမှ မခပ်ရဘူး ကြားလား။
အဲဒါနဲ့ အဲဒီ ဥပါသကာ တယောက်က အဲဒီဘုန်းကြီးကျောင်းနားမှာ ယာတွေ ဘာတွေ ရှိတော့ ထွန်လို့ ကြဲလို့ လုပ်တာပေါ့... ပြီးတဲ့အခါ သူ့ကျောင်းမှာ ခဏနားပြီးတော့မှ ဘုရားပွဲ တော့ နီးလာပြန်ပြီဘုရား လို့ လျှောက်တယ်တဲ့ ကြားလား...။
ဘုန်းကြီးကိုပေါ့လေ...။
အင်း မင်းတို့ ဘုရားပွဲ လုပ်တာတော့ ကောင်းပါတယ်ကွာ ...။
ဆွမ်းစား ပျက်လှတယ်လို့ ပြောတယ်တဲ့ ကြားလား။
သတ်သတ်လွတ်ကိုးကွဲ့။ မင်းတို့ ဘုရားပွဲ လုပ်တာတော့ ကောင်းပါတယ်...။
ဆွမ်းစား ပျက်လှတယ်တဲ့ ကြားလား။ အဲသလိုလည်း စဉ်းစားဦးနော်။
အဲသလိုဆိုလည်း တခါ ပြန်ပြီးတော့မှ အခု ဒကာတွေက ဘုန်းကြီးကိုဘဲ ပြန်လျှောက်ဖို့ ကောင်းတာ...။
အဲသလိုဆိုလည်း ပါဏာတိပါတာကံ တော့ ဖြုတ်ထားခဲ့ စမ်းပါဘုရားလို့ ပြန်လျှောက်ဖို့ မကောင်းလား ။ အရှင်ဘုရားတို့က ဟောတဲ့အခါ အရှင်ဘုရားတို့ ဟောတဲ့ အတိုင်း လိုက်နာပါလို့ ပြန်လျှောက်ဖို့ မကောင်းလား။
အဲလို စဉ်းစားကြနော်။
အဲဒါမှ သူ့ အဓိပ္ပါယ် သိတော့ မပေါ့ကွဲ့။
မိမိကနေပြီးတော့မှ အခုပြောတဲ့ မေတ္တာ ဓာတ်နဲ့ ပတ်သက်ပြီးတော...
ကိုယ်စိတ်နှစ်ဖြာ ကျန်းမာကြပါစေ ချမ်းသာကြပါစေလို့ မေတ္တာ မပို့ကြလား..။
မေတ္တာ ပို့တယ်နော်။ အဲဒါ ဟိုလူတယောက်က မနက် ခပ်စောစော ဘယ်သွားမှာလဲဟေ့ မမေးရဘူးလား။
တောရွာ တောင်ရွာဆိုတော့ကာ ဟင်းပေါ်တာ။ဟင်း လို့ခေါ်တာပေါ့..။ဟိုမှာ အမဲသား ပေါ်တယ် နွားသားပေါ်တယ် ဝက်သားပေါ့။
တို့အတွက်လည်း သုံးပိဿာလောက်ဆွဲခဲ့ စမ်း ရော့ဟဲ့ ငွေယူသွားစမ်း မခိုင်းရဘူးလား..။ အားရပါးရ စားပြီးတော့ ကျန်းမာကြပါစေ ချမ်းသာကြပါစေတဲ့ ကွာ...။
မကိုက်လိုက်တာဟ...။ ကြားလား။ အားရပါးရ စားပြီးတော့ ကျန်းမာပါစေတဲ့နော်။
တခါ အချို့ အချို့ ပုဂ္ဂိုလ် တွေက ပံ့သုကူ လို့ မပြောဘူးလား..။
ကိုယ်မသတ်တာ မမြင်ရတာ ပံသုကူပေါ့။
အနောက်နိုင်ငံက အီတလီ ဘုန်းကြီး ဦးလောကနာထ ဟောတာ ကြားဖူးတယ်။
ပံ့သုကူဆိုတာ လင်းတသာ စားတာတဲ့ ကွဲ့။
လူ မစားဘူးတဲ့ ကြားလား။
ကဲ အဲဒီ သတ်တဲ့ ပုဂ္ဂိုလ် တွေဟာ...
အသားငါး သတ်တဲ့ ပုဂ္ဂိုလ် တွေက စားတဲ့ ပုဂ္ဂိုလ် ကို မရည်မှန်းဘူးလား...။
စားတဲ့ ပုဂ္ဂိုလ် ရည်မှန်းတာနော်။ ဥဒ္ဒိဿရည်မှန်း၍ ။ ဟုတ်ကဲ့လား။
ကဲ စားတဲ့ ပုဂ္ဂိုလ် ကို ရည်မှန်းပြီးတော့ သတ်တာဟဲ့။
စားတဲ့ ပုဂ္ဂိုလ် သာ မရှိဘူးဆိုရင် ဖြစ်ပါမလား။
မဖြစ်ဘူးဟေ့ ကြားလား။အဲသလိုလည်း စဉ်းစားဦး။
အဲဒါ ဦးလောကနာထ အီတလီဘုန်းကြီးက ဟောတာ။
သေချာချာ စိစစ်ဖို့မကောင်းလား။
ပါဏာတိပါတာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ နော်။
မဟောဘူးလား ဟောသလား ။
ဒါ သတ်ရမှာလား ရှောင်ကြဉ်ရမှာလား။
အဲသလိုဆိုလည်း ပြန်စဉ်းစားဦးကွဲ့။
အချို့ အချို့ ဆောင်းပါးတွေက ဟော...
သတ်သတ်လွတ်စားလို့ သာ နိဗ္ဗာန် ရမယ်ဆို ကျွဲတွေ နွားတွေက အရင်ဆုံး ရမှာတဲ့ဗျား...။
အဲသလို ရေးတယ်ကြားလား။
ဒီလို ဆိုရင်တော့ကာ သားငါးစားလို့ ရရင်ကျား တွေက အရင်ပါ့ကွာ။ ခြင်္သေ့တွေ ကျားတွေက လေ။ ကဲ...
ဒီလိုမနေဘူးလား။အဲသလို ရေးတဲ့ ပုဂ္ဂိုလ် ဟာ ပါဏာတိပါတာကံ ကို ထောက်လို့လား မထောက်လို့လား။ ဒါ မသိဘဲကို ကွဲ့။
ပါဏာတိပါတာကံ အဓိပ္ပါယ် သိရဲ့လား။ မသိဘူးဗျာ။ အဲလိုစဉ်းစားဖို့မကောင်းလား။
မှတ်မှတ်သားသား ဆရာ့သြဝါဒများ
တခါပြန်ပြီးတော့ ဘုန်းကြီး က အလှူအတန်းလေး ဘာလေး လုပ်တဲ့အခါကျတော့လည်း ပွဲလေး ဇာတ်လေး ပါမှကျေနပ်တာဟေ့
ပရိသတ်တွေ မြိုင်မြိုင်ဆိုင်ဆိုင် လေ။
ကဲ အဲဒီမှာ ဘုန်းကြီးကျောင်းနဲ့ ဘုန်းကြီး ကျောင်းဝန်းထဲမှာ ပေါ့ကွာ။ ဘုန်းကြီး လည်းလျှောက်တာပေါ့။
အေး လုပ်ပေါ့ကွာ မပြောကျပဘူးလား...။
အဲဒီထဲမှာဆို.... နစ္စဂီတ ဝါဒိတ ဝိသုက ဒဿန မပါလား ။ အဲဒါလည်း ဖြုတ်ထားဦးကွဲ့။ ပွဲထည့်ချင်ရင်
ဒါလည်း ဖြုတ်ဦးမှပါ့...။
အဲဒါမဖြုတ်ရင်လည်း မလုပ်နဲ့  ကွဲ့။
ပွဲထည့်ချင်လည်း...
အဲဒါကို ဖြုတ်ထားခဲ့ဖို့ကောင်းတယ်။
အသားငါးကျွေးချင်လည်း ပါဏာတိပါတာကံ ဖြုတ်ထားခဲ့။
အဲလို စဉ်းစားဖို့ မကောင်းလား သေချာချာ လေ့လာ။
ဒီ ...အဓိပ္ပါယ် ပေါက်ဖို့ လိုတယ်နော်။
ဒီကနေ့ဟာ ဥပုသ်နေ့မို့ ဒီတရားကို ဟောရတာကွဲ့ စဉ်းစား..။
ဥပုသ်ရဲ့အဓိပ္ပါယ်သိအောင် ကြားလား။ ကျွေးတဲ့ ပုဂ္ဂိုလ်က ဥပုသ်သည် ကို ကျွေးတာ ။ စားတဲ့ပုဂ္ဂိုလ်က ပွဲကြည့်သမားတွေ ဇာတ်သမားတွေ။
အင်း ကုန်သည် အကြောင်းပြောတော့ ကုန်သည် ပေါ့။
အဲဒီလိုပေါ့။
တောင်သူနဲ့ ပတ်သက်တော့ ဒီနှစ်တော့ ရေတွေကဖျက်ဆီးတော့ အလုပ်ကနာတယ်ကွာ မ ပြောဘူးလား။ မိုးခေါင်တော့ကာ သူ့အပင်တွေက ခြောက်နေတယ်လို့ မပြောဘူးလား။ ဥပုသ်သည်တွေလား တောင်သူတွေလား။
အရောင်းအဝယ်နဲ့ ပတ်သက်လို့ပြောတာ ဥပုသ်သည်လား ကုန်သည်တွေလား...။
ဇာတ်အကြောင်းပြောတော့ကာ ဟိုမှာ မိမိက ဥပုသ်သည်တွေလား ဇာတ်သမားတွေလား။
သြော် ငါ့ ဥပုသ်သည်တွေလား လို့ ဇာတ်သမားတွေ ရောက်နေတော့တာကိုးကွဲ့။
အဲလိုလေ့လာနော်။
သုတဝါအရိယာသာဝကော။ သုတအကြားအမြင်ရှိတော့ကာ ပယ်သင့်တဲ့တရား ပယ်ရမှာပေါ့။ ဆင်ခြင်သင့်တဲ့တရား ဆင်ခြင်ရမှာပေါ့။ မသိပယ်နိုင်ပါ့မလား။ သိအောင် ကြိုးစား။
ကျေးဇူးတော်ရှင် မုံလယ်ဆရာတော်ကြီး
M-c တိပ် ၅၆မှ စာစီပူဇော်ပါသည်။
မုံလယ်ဇ....
No comments:
Post a Comment