ရန်ကုန်မြို့ တမြို့လုံးကို မျှော်စင်ပေါ်က တက်ကြည့်လိုက်နော်
ရန်ကုန်မြို့ကို မမြင် ရဘူးလား?
မြင် ရတယ်နော်
မျှော်စင်ပေါ်က ဆင်းပြီးတော့ မြို့ထဲကို ဝင်ကြည့်လိုက်နော်
ရန်ကုန်မြို့တွေ့မလား အိမ်တွေ့မလား?
မျှော်စင် ပေါ်က ကြည့်တော့ မြို့ကို မြင် တာကွဲ့
ဆင်းပြီးတော့ အောက်က ကြည့်တော့ မြို့လား အိမ်လား
အိမ်ဘဲတွေ့တယ် နော်
တော်တုန်းက တော့ မြို့မြင် တာပေါ့
အခု မြို့တွေ့သေးရဲ့လား ?
ဘာဖြစ်လို့ မ တွေ့တာလဲ ----?
မရှိလို့---ယုံကြည်ဖို့ မ ကောင်းလား?
အဲဒီ အိမ်တခုကို သွပ်မိုး မိုးထားတဲ့ အိမ်ပေါ့
-*အကာ က ပျဉ်ထောင်နော်
*သွပ်မိုးကို ခွာလိုက်တာပေါ့
*ပျဉ်ထောင် ကို ခွာလိုက်တာပေါ့
*တန်းတွေ ဖြုတ်လိုက်တာပေါ့
*ခါးပန်းကို ခွာလိုက်တာပေါ့
*ကြမ်းကို ခွာလိုက်တာပေါ့
*ဆင့်ကို နှုတ်လိုက်တာပေါ့
*ယက်မကို ဖြုတ်လိုက်တာပေါ့
*တိုင်တွေ နှုတ်လိုက်တာပေါ့--- စုပုံထား
အိမ်လား သစ်စုဝါးပုံလား ?
ဟိုတုန်းက အိမ်လို့ မြင် တာ
အခု တွေ့နေတာ အိမ်လား သစ်စုဝါးပုံလား?
ဘာဖြစ်လို့ အိမ် မ တွေ့တာလဲ-?--
မရှိလို့ ---ယုံကြည် ရဲ့လား
သစ်စုဝါးပုံ ထင် လို့ ဘုရားပေးတဲ့ ဥာဏ်လက်နဲ့
ကိုင် စမ်းကြည့်နော်
မာတဲ့ သ ဘောမ တွေ့လား
မာတယ်လို့သိတာ သူငါလား ကာယဝိညာဏ်လား
နာမ်တရား မရဘူးလား
မာတာက ရုပ်တရား မရဘူးလား
နာမ် ရုပ်၂ပါးပေါ့
သစ်စုဝါးပုံလား နာမ်နဲ့ရုပ်---
အိမ်လား နာမ်နဲ့ရုပ်---
ရွာလား နာမ်နဲ့ရုပ်---
မြို့လား နာမ်နဲ့ ရုပ်---
ကဲ နာမ် ရုပ်ဘဲ တွေ့တယ်နော်
ရုပ်နာမ် သုညတ လို့ ဟော မ ဟော
ရုပ်ထဲမှာ ရှာကြည့် မြို့ရွာ တိုင်းပြည်တွေ့ရဲ့လား
လူနတ်ဗြဟ္မာ တွေ့ရဲ့လား
ဘာဖြစ်လို့ မ တွေ့တာလဲ
ရုပ်ထဲမှာ မ တွေ့ရင် နာမ်ထဲမှာ ရော တွေ့ပါ့မလား
အဲဒီလို စိစစ်ဖို့ မ ကောင်းလား
စဉ်းစားစရာတွေ နော်
ဒီလိုဆိုတော့ သစ်စုဝါးပုံ လို့ကို စွဲစရာ လိုသေးရဲ့လား
အိမ် အ နေနဲ့ စွဲစရာ လိုသေးရဲ့လား
ရွာ အ နေနဲ့ စွဲစရာ လိုသေးရဲ့လား
မြို့ အ နေနဲ့ စွဲစရာ လိုသေးရဲ့လား
ကျေးဇူး တော်ရှင် မုံလယ် ဆရာတော်ကြီး
အဂ္ဂမဟာ ကမ္မဋ္ဌာနာစရိယ ဘဒ္ဒန္တ သံဝရ
(13-12-2008/3:00pm)
ရန်ကုန်မြို့ မိုးကုတ် ဝိပဿနာ အဖွဲ့ချုပ် ဓမ္မာရုံ တွင် ဟောကြားတော်မူသော
ပရိညာ အ ကြောင်း တရားတော်တွင် အပြည့်အစုံ
နာယူနိုင် ပါသည်
အရှင် တေဇနိယ မုံလယ်ဇ
ချမ်းသာခြင်း လက်ငင်းရကြပါစေ
No comments:
Post a Comment