Friday, July 10, 2015

%%%%အရှုခံ+ရှုဥာဏ်%%%%


########################

ဥာဏ်ဆိုတဲ့ကိစ္စက=
သမ္မာဒိဋ္ဌိ+သမ္မာသင်္ကပ္ပ=ပညာမဂ္ဂင် ၂-ပါး။
သမ္မာဝါယာမ+သမ္မာသတိ+သမ္မာသမာဓိ=သမာဓိမဂ္ဂင် ၃-ပါး။
ပေါင်းလိုက်တော့ မဂ္ဂင် ၅-ပါး ပေါ့။

အမြင်ခံ အရှုခံက ခန္ဓာ-၅ပါး။
အဲဒီခန္ဓာလိုတာ၊ အဲဒီခန္ဓာလဲ စိစစ်ဖို့ လိုတယ်နော်။

မျက်စိအကြည် ရှိရင် ရူပါရုံ အဆင်း မတိုက်လား---။
အဆင်းတိုက်တယ်နော်။
သူ့ အချိုးကျသာ ပြော ရမယ် ဟောရမယ် ဆိုရင်တော့---
မျက်စိအကြည် လည်း ရှိမှ+ ရူပါရုံ -အဆင်းလည်း ရှိမှ+ အာလောက -အလင်းရောင်လည်း ရှိမှ+ မနသီ--နှလုံးသွင်းမှုလည်း ရှိမှ
=ဤလေးခု ပြည့်စုံမှ မြင်သိစိတ် ဖြစ်တာ။ လေ့လာနော်။

အဲဒါမြင်ရင်---ရုပ်နှစ်ခုတိုက်တော့ မြင်သိစိတ် မပေါ်လား။ တစ်ဝိညာဏ်တည်း မြင်သိလို့ ဖြစ်ကဲ့လား။
မဖြစ်ရင် သူနဲ့သဟဇာတဖြစ်တဲ့ ဝေဒနာ+သညာ+စေတနာ မပါလား။
အဆင်းလို့ ခံစားတာ=လူလား/ဝေဒနာလား။ နတ်လား/ဝေဒနာလား။ ဗြဟ္မာလား/ဝေဒနာလား။
အဆင်းလို့မှတ်တာ=လူနတ်ဗြဟ္မာလား/သညာလား။
ခံစားနိုင်အောင် စေ့ဆော်တာ၊မှတ်နိုင်အောင် စေ့ဆော်တာ=သူငါလား/စေတနာလား။
ဝေဒနာ+သညာ+စေတနာ=၃-ခုပေါင်းတော့ နာမက္ခန္ဓာလေးပါးမပြည့်လား။
ဤလေးပါးပြည့်စုံမှ မြင်သိစိတ် ဖြစ်တာနော်။
လူနတ်ဗြဟ္မာ လား/နာမက္ခန္ဓာလေးပါးလား။

မျက်စိအကြည်ကား လူဟုတ်ရဲ့လား--။ရူပါရုံအဆင်းကား လူဟုတ်ရဲ့လား---။ ခန္ဓာဖွဲ့ကြည့်တော့ ရူပက္ခန္ဓာ မရလား။ နာမက္ခန္ဓာ လေးပါးနဲ့ ရူပက္ခန္ဓာ ပေါင်း=?။
အဲဒါ အမြင်ခံ အရှုခံတရား။

အရှုခံက= ခန္ဓာငါးပါး။ ရှုဥာဏ်က = မဂ္ဂင် ငါးပါး ဆိုတော့---မှန်တော့ မှန်တယ်နော်။
ဘယ်က ပေါ်တယ်လို့ မပါပြီ။ ခန္ဓာပေါ်တာ ပါရဲ့လား။
“အာ ရုံ နဲ့ ဒွါ ရ ကင်း မ နေ ဘူး လား။” အဲ-အိပ်မက်ထဲမှာ မက်သလို နေတော့တာပါ့ကွဲ့။
အာရုံနဲ့ ဒွါရ တိုက်ရမှာနော်။ စီစစ်ဖို့ မကောင်းလား။

စိတ်ထဲ ဥာဏ်ထဲက စဉ်းစားကြဦးကွဲ့။
အများအားလုံးပြောနေကြတယ်။
တရားထိုင်ဦးမယ်-တရားနာမယ် မပြောဘူးလား။
လူ ထိုင်မယ်လို့ ပြောသလား/တရား ထိုင်မယ်လို့ ပြောသလား။
လူ နာမယ်လို့ပြောသလား/တရားနာမယ်လို့ ပြောသလား။

အခု ထိုင်တာ-လူလား/ထောက်ကန်ဝါယောလား။
ရပ်တာ-လူလား/ထောက်ကန်ဝါယောလား။
သွားတာ လာတာ-
လူလား/ လှုပ် ရှား ဝါယောလား။
ဝါယောဓါတ်လို့ သိတာ သူငါလား-ကာယဝိညာဏ်လား။
ကာယဝိညာဏ်က နာမ်တရား မရလား။ ဝါယောက ရုပ်တရား မရလား။ နာမ်ရုပ် -၂ပါး။
ဖြန့်လိုက်ရင် ခန္ဓာ ငါးပါး။အဲဒါ အာရုံ တရား။
အဲဒီခန္ဓာ သိဖို့က မဂ္ဂင် ၅-ပါးနော်။
အာရုံ+အာရမ္မဏိကပေါ့။

ကိုယ်ထင်တာတွေ နဲ့ လေ့လာကြည့်ရမှာပေါ့။ လက်တွေ့ မျက်တွေ့ ပေါ့ကွဲ့နော်။
သားလေး ထင်လို့ အခါလည်ကျော်လေး ပေါ့နော်။ နမ်းကြည့်လိုက်တာပေါ့။
သားတွေ့သလား/အနံ့တွေ့သလား။အနံ့ပဲတွေ့တယ်နော်။
သမီးထင်လို့ နမ်းကြည့်---သမီးတွေ့သလား/အနံ့တွေ့သလား။
ကိုယ်ထင်ထားတော့= သမီးပေါ့-သားပေါ့။တွေ့တာက=အနံ့ပေါ့။
အကောင်အထည် ဟုတ်ကဲ့လား။ အကောင်အထည် မဟုတ်ပေမယ့် သဘောအနေနဲ့ မထင်ရှားဘူးလား။
အဲဒီ နံသိစိတ်က= ဃာနဝိညာဏ် မရလား။ နာမ်တရားပေါ့။ ဃာနအကြည် နဲ့ အနံ့က =ရုပ်တရားပေါ့။ နာမ်ရုပ်-၂ပါး။လေ့လာဖို့ မကောင်းလား။

အဲဒါ ခန္ဓာမှာ---အာရုံနဲ့ ဒွါရ တိုက်ပြီးတော့ ပေါ်တဲ့ခန္ဓာ သိဖို့ လိုတာနော်။
ခန္ဓာငါးပါး ဖြစ်ပျက်ရှု ၊နာမ်ရုပ်ကို ဖြစ်ပျက်ရှု။ နာမ်ရုပ်က ဘယ်ကလာတယ်လို့ မသိ ပြီ။
နာမ်ရုပ်ကို ဖြစ်ပျက်ရှု လို့ မဟောဘူးလား၊ ခန္ဓာကို ဖြစ်ပျက်ရှု လို့ မဟောဘူးလား။
ဘယ် ဒွါရလို့လည်း မပါ-ပါလား။ လေ့လာကြ။

ကျေးဇူးတော်ရှင် မုံလယ်တောရ ဆရာတော်ဘုရားကြီး
မိုးကုတ်ဝိပဿနာ ကမ္မဋ္ဌာနာစရိယ
အဂ္ဂမဟာ ကမ္မဋ္ဌာနာစရိယ ဘဒ္ဒန္တ သံဝရ။
^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^

(ရန်ကုန်မြို့ မိုးကုတ်ဝိပဿနာအဖွဲ့ချုပ် တွင်
၁၅-၁၂-၂၀၀၈/၁၃၇၀-ခု နတ်တော် လပြည့်ကျော် -၃ရက်၊ညနေ (၃:၀၀)နာရီ အချိန် ဟောကြားတော်မူသော တရားတော်တွင် နာယူနိုင်ပါသည်။)
ချမ်းသာခြင်းလက်ငင်းရကြပါစေသော်။
အရှင်တေဇနိယ-မုံလယ်ဇ။

No comments:

Post a Comment