Friday, July 10, 2015

ရတနာအစစ်ကို ရှာပါတယ်ဆို ဘယ်နှယ့် တားရမှာလဲ...။


!-!-!-!-!-!-!-!-!-!-!-!-!-!-!-!-!-!-!-!-!-!-!-!-!-!-!-!-!-!-!-!-!

ရတနာ အစစ် အတု မခြားနားဘူးလား။
အခု လူတွေ သား သမီးတွေနဲ့ ပတ်သက်ပြီးတော့မှ...အခု ၈တန်း-၉တန်း-၁၀တန်း။
၁၀.တန်းက အောင်ချက် ကောင်းတော့ ဒါ မိမိကနေ ကောလိပ်ကို ပို့
ကောလိပ်က တက္ကသိုလ်ကို ပို့။
ဘယ်ဂုဏ်ကို လိုက် လိုက်ဦး...အဲဒီဆီက ဆင်းမှ လခများတယ်။
မိဘတွေက စလို့ ရတနာ အတု ရှာခိုင်းတာပါလားကွယ်...
ရတနာ အစစ်ကို ညွှန်တဲ့သူ မကြားမိသေးဘူးဟေ့

ဘုန်းကြီး လုပ်မယ်ဆို တားရပြီ
ဘိက္ခုနီမ(သီလရှင် )လုပ်မယ်ဆို တားရပြီ
မလုပ်နဲ့ ကြားလား။ စဉ်းစားဖို့ မကောင်းလား။
ရတနာ အစစ်ကို ရှာပါဆိုတယ်... ဘယ်နှယ့် တားရမှာလဲဟဲ့။
အတုတွေက သုံးလို့ စွဲလို့ပါ့ မဖြစ်ဘဲနဲ့။
အဲဒီအတုတွေက အပါယ်က လွတ်ရဲ့လား။
အဲလိုလည်း စဉ်းစားဦး။

ကျေးဇူးတော်ရှင် မုံလယ်ဆရာတော်ဘုရားကြီး
အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ
မိုးကုတ် ဝိပဿနာ ကမ္မဋ္ဌာနာစရိယ

13-11-2008/2:00pm
ဝန်းသို ရွှေကျောင်း ကျောင်းတိုက်
သုပ္ပဗုဒ္ဓ အကြောင်း ရတနာအစစ်နှင့် ရတနာ အတု တရားတော်မှ.....

No comments:

Post a Comment