Tuesday, July 14, 2015

*_*ရုပ်နာမ်နဲ့ စမ်းမှ ကန်းမှန်း လူသိတယ်.*_*


==========================

ရှေးက ဆရာတော် တွေ တရားပြတဲ့ ပုဂ္ဂိုလ်ကြီးတွေ
ဘုန်းကြီးတို့ သုတကြားဖူးတယ်

အဲဒီဆရာဆီမှာ အလုပ် လုပ်တဲ့ တရားသမားတွေပေါ့
ရောက်လာတဲ့အခါ ဆရာက ပညာ စမ်းသပ်တာကိုး
သူတို့ လေ့လာတဲ့တရားက ကိုယ်တွေ့
ထိုးထိုးထွင်းထွင်း သိတာလား
သညာနဲ့သိတာလား ဆိုတာ စမ်းသပ်တယ်နော်

မ နေ့က နင် လာသလား လာတယ်ဘုရား
အဲဒီ အ ပေါ်မှာ ထန်းလျက် (ဓညက်) တင် ထားတယ်ဟဲ့
နင်ယူသလား မယူဘူးဘုရား
ငါးလုံး တင် ထားတာ ဘယ်သူမှ မလာဘူး မင်းဘဲလာတယ်

ကဲ ဘယ်သူမှ မလာဘူး မင်းဘဲ လာတယ်ဆိုတော့ကာ
ငါ့ကို သူခိုး ယိုး(စွပ်စွဲ)ရမလား ဆိုတော့ စိတ်မတိုဘူးလား
စိတ်ဆိုးတော့တာဟေ့
အဲဒါ သူ့ဆီမှာ အလုပ်လုပ် ပြီးသားတွေနော်
သူ-တရားသိတယ် မသိတယ် စမ်းသပ်ကြည့်တာ
ရုပ်နာမ်နဲ့ စမ်းမှ ကန်းမှန်း လူသိတယ် လို့ ဆိုတာ
ကြားဖူးရဲ့လား
ရုပ်နာမ်နဲ့ စမ်းတာ
ကဲ ပုဂ္ဂိုလ် သတ္တဝါဆိုတော့ ဒေါသဖြစ်မလာဘူးလား

အဲလို ပြောတဲ့အခါ ကြားရင် သတိလို့ မ ဟောဘူးလား
သတိပြုတဲ့အခါ ပုဂ္ဂိုလ် သတ္တဝါလား အသံလား
အသံလို့ ကြားသိတာ သောတဝိညာဏ် နာမ်တရား မရလား
သောတအကြည်နဲ့ အသံက ရုပ်တရား မရလား
နာမ် ရုပ် ၂ပါးပေါ့

အဲဒီနာမ် ရုပ်ကို သိတာ သတိ လို့ မ ဟောဘူးလား
သမာဓိ မဂ်ပေါ့
နာမ် ရုပ်ဘဲ တွေ့တယ်နော် လူတွေ့ရဲ့လား
လူမ တွေ့ရင် ခိုးတာကား ပါသေးရဲ့လား
ကဲ ဘယ်လိုပါ့ ပြောပြော စိတ်ဆိုးဦးမလား
တွေ့တာ နာမ် ရုပ်ဘဲတွေ့တာကိုး

ကဲ ခိုးတယ် ဒါ သူ့ကို ယိုးရမလားလို့ စိတ်မဆိုးဘူးလား
နာမ် ရုပ်ကို တွေ့လို့လား မ တွေ့လို့လား
ဒေါသဖြစ်လာခဲ့တာ အဲလို စမ်းတာကွဲ့
ရုပ်နာမ်နဲ့ စမ်းမှ ကန်းမှန်း လူသိတယ်
လေ့လာဖို့ မ ကောင်းလား လေ့လာနော်

ကျေးဇူးတော်ရှင် မုံလယ်ဆရာတော်ဘုရားကြီး
အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ
မိုးကုတ်ဝိပဿနာ ကမ္မဋ္ဌာနာစရိယ

(10-11-2008/2:00pm)
ဝန်းသိုတရားစခန်း

♧♤♤♤♤♧
https://www.facebook.com/pages/ကျေးဇူးတော်ရှင်-မုံလယ်ဆရာတော်ကြီး-ဟောကြားတော်မူခဲ့သောတရားတော်များ/1596325990614582?ref=bookmarks

No comments:

Post a Comment