♢♢♢♢♢♢♢♢♢♢♢♢♢♢♢♢♢♢
လောကဓံနဲ့ပတ်သက်ပြီးတော့မှ တိုက်ကြည့် လိုက်နော်။
နစ်နာလောက်အောင် စိတ်ဆိုးလောက်အောင် တိုက်ကြည့် လိုက်တာပေါ့။
အဲသလို တိုက်တဲ့အခါ ပညတ် အာရုံပြုမယ်ဆိုရင်တော့
ကင်းများ ကိုက်သလို ဒေါသစိတ် ချောင်းချောင်းဖြစ်တာပေါ့။
ခန္ဓာဘက်ကို လှည့်လိုက်မယ်ဆိုကာ ကဲ ပုဂ္ဂိုလ် သတ္တဝါကား တွေ့သေးရဲ့လား။ ပုဂ္ဂိုလ် သတ္တဝါမတွေ့---စိတ်ဆိုးစရာ ကား တွေ့သေးရဲ့လား။ မတွေ့ရင် ရာဂ ဒေါသ မောဟဖြစ်ပါမလား။ အဲဒီအမြင်က--လွတ်တာပေါ့။
အဲဒီအမြင်ဆို ငါမြင်တဲ့အမြင်က မှန်သွားပြီ နော်။ သူများကို မမေးနဲ့ ကြားလား။ မြင်တိုင်း မြင်တိုင်း နိဗ္ဗာန် တဒိုင်းဒိုင်းလို့ မဟောဘူးလား။
အဲဒါရာဂ ဒေါသ မောဟ မဖြစ်လို့ပေါ့။
အဲဒါကိုယ့်အမြင် ကိုယ့် ဘာကို စိစစ်ဖို့မကောင်းလား။ ၆-ဒွါရ အဲလို စိစစ်ရမယ်။ ဒီလိုဆို မှန်ပြီနော်။
အဲဒီ အလေ့အကျင့် ရောက်အောင် လေ့လာကြ။ ထိထိမိမိ စဉ်းစားနော်။ သိ မှ ပယ်နိုင်တာ။ မသိ-ပယ်နိုင်ပါ့မလား။ အဲဒါ စိတ်ဆိုးတာ ဘယ်ပေါ်မှာလဲ ပြန်စဉ်းစားနော်။
မြင်တဲ့အခါ ပုဂ္ဂိုလ် သတ္တဝါ မြင်နေလို့ကိုကွဲ့။
ဝမ်းမြောက် ဝမ်းသာဖြစ်တာလည်း ပုဂ္ဂိုလ် သတ္တဝါအနေနဲ့ မြင်နေလို့ပေါ့။
ပုဂ္ဂိုလ် သတ္တဝါ ဆိုတာ မရှိ ပညတ် တွေနော်။
ရှိပရမတ်က ခန္ဓာ၅-ပါး။
မရှိပညတ် က လူနတ်ဗြဟ္မာ သတ္တဝါ။ အဲဒီခန္ဓာ၅-ပါးကို လူလို့မြင်တာ။ မိန်းမယောက်ျားတွေလို့ မြင်တာ။ကြား တဲ့ အသံရူပက္ခန္ဓာကို ဆဲတယ်လို့ ကြားတာ။
အဲ-ဟိုက ခန္ဓာဘက်လှည့်ကြည့်တော့ အသံဘဲတွေ့မှာပေါ့။ အသံလို့ သိတဲ့အချိန်မှာ ကဲ ဆဲတာတွေ့သေးရဲ့လား။ ပညတ်ဘက်ကိုပြုတော့ ငါ့ကိုဆဲတာ။ အဲဒါကြောင့် ငါမခံနိုင်ဘူးပေါ့။ ကုသိုလ်လား-အကုသိုလ်လား။
အဲဒါ ပညတ်ကိုအာရုံပြုလို့ အကုသိုလ် ဖြစ်တာပေါ့။အသံလို့ ကြားတဲ့အချိန်မှာ ဆဲတာတွေ့သေးရဲ့လား။ လူ ကား တွေ့သေးရဲ့လား။ လူပါ့မတွေ့ ဆဲတာတွေ့ပါ့မလား။ ဒီလိုဆိုရင် စိတ်ဆိုးသေးရဲ့လား။ မဆိုးတော့ဘူးနော်။
အဲဒီဆဲတဲ့ပုဂ္ဂိုလ်ကို အမြင်ခက်ရမှာလား သနားရမှာလား။ အဲ-အဲဒါမှန်သွားပြီကွဲ့။
အဲလို မျက်စိပေါက်က တိုက်ကြည့် နားကတိုက်ကြည့် ကြားရဲ့လား။ နှာခေါင်းဘက်က တိုက်ကြည့် ပေါ့။၆-ဒွါရလေ။ အဲလိုအကြောင်းတိုက်ဆိုင်တိုင်း ခန္ဓာဖွဲ့ဖို့မကောင်းလား။ သစ္စာဖွဲ့ဖို့မကောင်းလား။
အဲဒါလိုရင်းအချက်တွေနော်။
ကျေးဇူးတော်ရှင် မုံလယ်ဆရာတော်ဘုရားကြီး
အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ ဘဒ္ဒန္တ သံဝရ
11-4-1998(7:00pm)
ဟောကြား တော်မူသောတရားတော်မှ စာစီပူဇော်ပါသည်။
No comments:
Post a Comment