Tuesday, July 14, 2015

###အကောင်အထည် မဟုတ်ငြား သော်လည်း သဘောအနေနဲ့ မထင်ရှားဘူးလား။###


!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!

တခါ စဉ်းစားတတ်အောင်-----
စဉ်းစားဖို့ လိုတယ်ကွဲ့နော်။
ထင်ထင်ရှားရှား မြင်လွယ် သိလွယ်အောင်ပေါ့။

သံပရာသီးတလုံးကို အရည်ပေါပေါ ရင့်ရင့် ဝါးစားကြည့်နော်။
ဘယ်လို တွေ့မလဲ။-----။

ချဉ်တာ တွေ့တယ်နော်။
*စားတုန်းက ချဉ်တာ စားတာလား သံပရာသီးစားတာလား။?----။
**တွေ့တာက သံပရာသီးလား ချဉ်တဲ့ရသာလား။?-----။

အဲဒီမှာ“ အာရုံ အာရမ္မဏိက ”လို့ ဟော မဟော။
“အာရုံမှန်မှ သဒ္ဓါမှန်တယ်နော်”။

ချဉ်တယ်လို့ သိတဲ့စိတ် ကလေး မပေါ်ဘူးလား။
စားတုန်းက သံပရာသီး စားတာ နော်။
***သံပရာသီးလို့ သိတာလား ချဉ်တယ်လို့ သိတာလား?........။
“အာရုံ အာရမ္မဏိက။”
သံပရာသီး ရှိရင်တော့ သံပရာသီးလို့ သိမှာပေါ့။
သံပရာသီး မရှိ တော့ တွေ့ရဲ့လား။

**တွေ့တာက သံပရာသီးလား ချဉ်အရသာလား။?-----။
အဲဒီ ချဉ်ရသာကို ----
+မျက်စိနဲ့ကြည့် မြင်ရပါမလား။
+လက်နဲ့ ကိုင်စမ်းကြည့် တွေ့ပါ့မလား။
+နမ်းကြည့်ရင်ကော တွေ့ပါ့မလား။
+နားထောင်ကြည့်ရင်ကော တွေ့ပါ့မလား။
-လျှာနဲ့ကျတော့ မသိနိုင်ဘူးလား။
သိနိုင်တယ်နော်။

အကောင်အထည် ဟုတ်ရဲ့လား။
အကောင်အထည် မဟုတ်ငြား သော်လည်း သဘောအနေနဲ့ မထင်ရှားဘူးလား။
ထင်ရှားတယ်-(ကြားရဲ့လား)
အဲဒီလို လေ့လာဖို့ မကောင်းလား။
“အာရုံ အာရမ္မဏိက” နော်။

ချဉ်တယ်လို့ သိတဲ့အချိန်လေးမှာ----
ကဲ လောဘစိတ်ကား ဖြစ်သေးရဲ့လား။
ဒေါသစိတ်ကား ဖြစ်သေးရဲ့လား။
မောဟစိတ်ကား ဖြစ်သေးရဲ့လား။
မဖြစ်တော့ဘူးနော်။
ဘယ်လောက်များ ထင်ရှားသလဲ။
အဲဒီလို လေ့လာဖို့ မကောင်းလား။

တခါ ဤပမာဏကဲ့သို့----
လူထင်လို့ ဘုရားပေးတဲ့ ဥာဏ်လက်နဲ့ ကိုင်စမ်းကြည့် နော် ။
ဆံဖျားက ခြေဖျားအရောက် ကိုင်စမ်းကြည့်---။
မာတာ မတွေ့လား-ပျော့တာ မတွေ့လား။
မာတာ နဲ့ ပျော့တာ ဘဲတွေ့တယ်နော်။

မာတယ် ပျော့တယ် သိတာ သူငါလား ကာယဝိညာဏ်လား။
ကာယဝိညာဏ်က နာမ်တရား မရလား။
မာတာ ပျော့တာက ရုပ်တရား မရလား။
နာမ်ရုပ် နှစ်ပါးပေါ့။
ကဲ---လူတွေ့သေးရဲ့လား/ခြေလက် အင်္ဂါကား တွေ့သေးရဲ့လား။
တွေ့တာက နာမ်နဲ့ရုပ်ဘဲ တွေ့တယ်။

ကိုယ်ထင်တာတွေ ဘာဖြစ်လို့ မတွေ့တာလဲ။
မရှိလို့ပေါ့။
လေ့လာဖို့ မကောင်းလား။
**မရှိဘူး-မရှိဘူး ပြောတာနဲ့ ပျောက်ပါ့မလား။
မရှိ ပုံ မရှိနည်း ကို လည်း စိစစ်ရသေးတယ်ကွဲ့။**
အဲဒီလိုစိစစ်ဖို့ ကောင်းတယ်။

မာတာ ပျော့တာကိုသိဖို့ လိုတာပေါ့။
အဲဒါကာယဝိညာဏ်က နာမ်တရားမရ လား ။
မာတာ ပျော့တာက ရုပ်တရား မရလား။
နာမ်ရုပ် နှစ်ပါး။
လူ လား နာမ်နဲ့ရုပ်လား။
နတ် လား နာမ်နဲ့ရုပ်လား။
ဗြဟ္မာ လား နာမ်နဲ့ရုပ်လား။
ဟော-နာမ်ရုပ်ဘဲတွေ့တယ်နော်။

လူနတ်ဗြဟ္မာ မတွေ့တာ ရှိလို့လား မရှိလို့လား။
မရှိ ရင် လူစွဲ နတ်စွဲ ဗြဟ္မာစွဲ-စွဲစရာ လိုသေးရဲ့လား။
ဤနေရာ ရောက်အောင် ကြိုးစားအားထုတ်ပေါ့။

ကျေးဇူးတော်ရှင် မုံလယ်တောရ ဆရာတော်ဘုရားကြီး။
အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ ။
မိုးကုတ်ဝိပဿနာ ကမ္မဋ္ဌာနာစရိယ။

(၂၅/၄/၂၀၀၈-ည ၇နာရီ)
ရှမ်းပြည်နယ် တောင်ကြီးမြို့။
ဓမ္မရတနာ ကျောင်းတိုက်။

https://www.facebook.com/pages/ကျေးဇူးတော်ရှင်-မုံလယ်ဆရာတော်ကြီး-ဟောကြားတော်မူခဲ့သောတရားတော်များ/1596325990614582?ref=bookmarks

No comments:

Post a Comment