Wednesday, July 8, 2015

......ခန္ဓာအမှိုက်တောင်းပမာ.....


≥Ö‿Ö≤≥Ö‿Ö≤≥Ö‿Ö≤≥Ö‿Ö≤

ဒီဘဝတော့ ဒါ သူနှိပ်စက်တာ ခံရဦးမှာပေါ့ ဟာ၊
ကဲ မင်းနှိပ်စက်ချင်သလို နှိပ်စက်စမ်းကွာ  တစ်ဘဝပေါ့ ကွာ မင်းနှိပ်စက်နိုင်ရင်...
ဟင် သေချာချာလေ့လာရမယ်နော်
ကြိုးစားအားထုတ်ရမှာပေါ့။
သူက နှိပ်စက်လေ တရားကို ဂရုစိုက်လေ ဟုတ်ကဲ့လား။
သူက နှိပ်စက်လေ တရားကို အားထုတ်လေ၊ ဒီလို လုပ်ရမှာပေါ့ ။ ဒါမှ လွတ်မှာ။
နို့မို့်လို့ သူ့အနှိပ်စက်ဘဲ ခံနေရမှာ။ သေချာချာ လေ့လာနော်။ အဲလို စိစစ်ဖို့ မကောင်းလား။
အေး သေချာလေ့လာ။

တရားနာ တရားအားထုတ်တယ် ဆိုတာ ခန္ဓာအပြစ်ကို .....။
သိရင်တော်ပြီ။
အိမ်တကာ အိမ်တကာမှာ မိမိကနေပြီးတော့ လူတို့ အသုံးအဆောင်တွေ အမှိုက်တောင်းတွေ ထားတယ် ကြားလား။
တချို့ ဆေးလိပ်တွေ ဘာတွေ သောက်လို့ အစီခံတွေကျ တော့ကာ အမှိုက်တောင်းထဲ ထည့်ရတာပေါ့။
မြင်မကောင်းတဲ့  အမှိုက် သရိုက်တွေလည်း အမှိုက်တောင်းထဲ ထည့်ရတာပေါ့။
ဟင်းသီးဟင်းရွက်တွေ သင်လို့ ပြုလို့ ချက်လို့မဖြစ်တာတွေကျ အမှိုက်တောင်းထဲ ထည့်ရတာပေါ့။
အဲဒီတောင်းကြီးက ပြည့်တဲ့အခါ ရွာ့အပြင်ကို မသွန်ရဘူးလား။
နှမျောသလား။
သြော် မနှမျောဘူးနော်။
အမှိုက်ဆိုတာ အသုံးကျသလား မကျသလား။

အခုရရှိတဲ့ ခန္ဓာကြီးဟာ အမှိုက်တောင်းကြီးနဲ့ မတူလား။
တူတယ်နော်။
အဲဒီလို သိသွားရင် ခန္ဓာရတဲ့ အလုပ်ကို လုပ်ဦးမလား။ မလုပ်တော့ဘူးပေါ့။
မလုပ်တာ မဂ္ဂသစ္စာပေါ့။ ခန္ဓာရတဲ့ အလုပ်ကို
လုပ်တာ သမုဒယပေါ့။ ဒီအဓိပ္ပါယ် သိဖို့လိုတယ်
သေချာချာလေ့လာနော်။

ကျေးဇူးတော်ရှင် မုံလယ်ဆရာတော်ကြီး
အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ ဘဒ္ဒန္တသံဝရ

ရှေးတိပ်တရားတော် mc.22 မှ စာစီပူဇော်ပါသည်။
မုံလယ်ဇ....

No comments:

Post a Comment