Wednesday, July 8, 2015

“အပြောလွတ်အောင် သိတဲ့ ပရမတ်ကို လေ့လာကြ”


(✿◠‿◠)(✿◠‿◠)(✿◠‿◠)(✿◠‿◠)

အကြောင်း သာ ချုပ်မယ်ဆိုရင် အကျိုးရပ်ပါတယ် ကွာတဲ့
ကဲ ဒီလိုဆိုတော့ (၁)-ကအကြောင်း (၂)ကအကျိုးတရား မရလား။
(၃)ကအကြောင်း (၄)ကအကျိုးတရားမရလား။

အဲသလို အကွက် ကို ကြည့်တော့ ပစ္စုပ္ပန် (၂)အကွက်- မြင်ဆဲ ခန္ဓာ ကို သိဖို့မလိုလား။
ကြားဆဲ ခန္ဓာ ကို သိဖို့မလိုလား။
နံဆဲ ခန္ဓာ ကို သိဖို့မလိုလား။
စားဆဲ ခန္ဓာ ကို သိဖို့မလိုလား။
ထိဆဲ ခန္ဓာ ကို သိဖို့မလိုလား။
အဲသလို သိ =သူ တွေ ငါတွေလို့ ယူဦးမလား။
မယူတော့ဘူးနော်။

ကဲ အဲဒီသိတဲ့ ခန္ဓာထဲမှာ ခြေတွေ လက်တွေ ကား ပါသေးရဲ့လား။
ဦးခေါင်းတွေကား ပါသေးရဲ့လား။
သဘောအနေနဲ့ကတော့ မထင်ရှားဘူးလား။
အေး အဲသလို သဘော ပရမတ်ကို ပြန်စဉ်းစားနော်။

မပြောမဖြစ်လို့ ပူတယ် အေးတယ် ထောက်ကန်တယ် ခံစားတယ်လို့ ပြောနေရတာ (သေချာ) မပြောမဖြစ်လို့ ပြောရတာနော်။
“အပြောလွတ်အောင် သိတဲ့ ပရမတ်ကို လေ့လာကြ”
ဒါကြောင့် သဘောပရမတ်လို့ မခေါ်ဘူးလား ဟဲ့။

ကျေးဇူးတော်ရှင် မုံလယ်တောရဆရာတော်ကြီး။
၁၉၉၄-ခု ပခုက္ကူ ဗောဓိမဏ္ဍိုင်ကျောင်းတိုက်။

(Mc.မယ်တော်ကြီး ဒေါ်ညွန့်စုဆောင်းထားသော ရှေးတိပ်ခွေတရားတော်များမှ အသံတော်အတိုင်း စာရေးသားပူဇော်ပါသည်။
ဒီတိပ်သားဟာ ကျန်းမာရေးမကောင်းလျက် ဟောထားသည်ကတကြောင်း တိပ်သားညံ့သည်ကတကြောင်း အသံကို အတော်ဖမ်းနာယူရပါသည်။
ချမ်းသာခြင်းလက်ငင်းရကြပါစေ-
မဂ် စခန်း တက်လှမ်းနိုင်ကြပါစေသော်။
အရှင်တေဇနိယ မုံလယ်ဇ)

No comments:

Post a Comment