***************************
ကိုယ့်အပြစ် ကိုယ် ရှာရမှာ ရှေးပညာရှိရဲ့စကားကို စဉ်းစား။
လူတစ်ယောက်ကို မင်းမှာ ဘယ်အပြစ်တွေ ရှိတယ်လို့ အပြစ်ကို သေသေချာချာ လက်ညှိုးနဲ့ထောက်ပြီးတော့ ပြနိုင်တဲ့ပုဂ္ဂိုလ်ဟာ ရွှေအိုးပေးလာတာထက် အဖိုးတန်တယ်တဲ့ဗျား။
ဆရာတော်တွေ မဟောဘူးလား။ ရွှေအိုးပေးလာတာထက် အဖိုးတန်တယ်တဲ့။ မိမိ ဒီအပြစ်တွေရှိတယ်လို့ ။
အခု ကိုယ့်အပြစ်ကို ကိုယ်မသိတော့အခါ ကာယကံနဲ့ ပတ်သက်တဲ့ အကုသိုလ်၊ ဝစီကံနဲ့ ပတ်သက်တဲ့ အကုသိုလ်၊ မနောကံနဲ့ ဖြစ်တဲ့ အကုသိုလ်တွေ မပြုပေဘူးလား။
ဒါ ကိုယ့်အပြစ်ကို ကိုယ်သိလို့လား၊ မသိလို့လား။
မသိတာ အ၀ိဇ္ဇာ၊ ပြောတာ သခါင်္ရ၊ ဟော အဝိဇ္ဇာပစ္စယာ သခါင်္ရာလို့ လှည့်ပြတယ်။ ဒီအဓိပ္ပာယ်သိစေချင်တယ်။ စဉ်းစား။
ကျေးဇူးတော်ရှင် အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ
မုံလယ်ဆရာတော်ဘုရားကြီး
၁၄.၅.၂၀၀၅၊နေ့ (၂) နာရီ အချိန်
အမေရိကန်နိုင်ငံတွင်
မုံလယ်ဆရာတော်ဘုရားကြီး ဟောကြားတော်မူသော တရားတော်မှ။
No comments:
Post a Comment