☆☆☆☆☆
ကံဘက်က ကုသိုလ်ကံ အကုသိုလ်ကံ မ ဟောဘူးလား
အကုသိုလ်ကံက ကောင်းတဲ့တရားလား မကောင်းတဲ့ တရားလား
ဒါ ပယ် ရမှာနော်
ကုသိုလ်ကံက ကောင်းတဲ့တရားပေါ့ ဒါပြုလုပ် ရမှာ နော်
အဲဒါ ကမ္မဿကတာ သမ္မာဒိဋ္ဌိပေါ့
သေသေ ချာချာ လေ့လာနော်
ပယ် ရမည့်တရားနဲ့ လုပ် ရမည့်တရား
ဒါ ယုံကြည် ရဲ့လား
အဲဒီအထဲက စကားကို ပြန်ပြီး အသစ် ပြင်ကြဦးစို့နော်
လူတွေက အသစ်လို့ ထင် နေတာ
သဘောချင်း တူပြီး အပြော လွဲတာလည်း ရှိတယ်နော်
မင်းတို့ ဝစီပိတ် ကျင့်တယ်လို့ မပြောဘူးလား
ဝစီပိတ်ဆိုတာ မိမိက စကား မပြောရဘူးပေါ့
မပြောရတာ ဘာတွေလဲ လို့ စိစစ်ဖို့ မကောင်းဘူးလား
ကဲ-ကုသိုလ်ဖြစ်မည့်တရား ဟိုက မေးနေပြီ
ကိုယ်က မပြောဘဲ ပိတ်ထားလို့ရှိရင် ဟိုက သိပါ့မလား
အ-နေတာမှ မဟုတ်ဘဲ
ပြောရမှာ ပေါ့ ဘာတွေ ပိတ် ရမှာလဲ စဉ်းစားနော်
အကုသိုလ်ကို ပိတ်ပါဟ
ဘုရားက အကုသိုလ်ကို ပယ်လို့ မဟောလား
အကုသိုလ်ကို မပြောနဲ့ပေါ့
ဟိုကနေ လူတဦးတယောက်က နေပြီး ပစ္စည်းတခုခုကို ခိုးသွားတာပေါ့
ဒိပြင့်လူက လာမေးတယ် မြင်သလားဟေ့
ဒါ ပိတ်လိုက်တော့တာပေါ့ မပိတ်လို့ ရှိရင် ကိုယ်က သက်သေ လိုက် ရအုန်းမှာ
ဟိုလူကိုလည်း ဖမ်းပြီး ထောင် ချအုန်းမှာ
အကျိုးယုတ်မည့်ဟာတော့ ပိတ်လိုက်ရတာပေါ့
အကျိုးများမည့်ဟာတော့ ပြောရတာပေါ့
အကုသိုလ်နဲ့ ပတ်သက်ပြီးတော့ ပိတ်ကြစမ်းပါဗျ
ခုတော့ တဖွဖွ ပြောနေကြ တာကိုး
အဲဒါ ဝစီပိတ် လို့ခေါ်တယ်
ကုသိုလ်ကျတော့ မပြောရဘူးလား
ကုသိုလ်ကျတောာ့ ပိတ်ထားရင် အကျိုးများပါတော့မလား
စဉ်းစားဦးဗျ
အေး အဲဒါ တောထဲ တောင် ထဲမှာ ပြန်ပြီး လူသူ လေးပါး မ ရောက်တဲ့နေရာမှာ ဘယ်သူနဲ့မှ စကားမများတဲ့ နေရာမှာ အဓိဋ္ဌာန် အ နေနဲ့တော့ ဖြစ်တာပေါ့
မ ကောင်းတာကို ပယ် ရမှာပေါ့ ကောင်းတာကို ပြုလုပ် ရမှာပေါ့ ကုသိုလ်က ကောင်းတဲ့ တရားပေါ့ အကုသိုလ်က မ ကောင်းတဲ့တရားပေါ့ ဒါကို အပယ်မခိုင်းဘူးလား
အခုတော့ တဖွဖွ ပြောနေတာကိုး
ပယ်တာလား တဖွဖွလုပ်နေတာလား
အေး သေ သေ ချာချာ လေ့လာနော် အဲဒါကို ပယ် ရမှာ
တဦး တ ယောက်က နေပြီး အရှက်တကွဲ အကျိုးနည်းအောင် ပြောပြီ
ဟိုရွာ ရောက်သွားတော့ ဒီလူက ဖောက်သည် မချဘူးလား
အကုသိုလ်တွေ ပွားမ နေဘူးလား
ပိတ် ရမည့် နေရာကို သွားပြီး လုပ်ချေတာကိုး
အဲဒါ ပိတ် ရမည့်ဟာနော် ကုသိုလ်ကျတော့ ပွားလိုက်ပေါ့
ဟိုလူက တရားအားထုတ်တာဟေ့
အ သောက်အစားတောင် မရှိတော့ဘူး
ဆေး(လိပ်)သောက်တောင် ပြတ်ကုန်ပြီ
အ တော်ဆဲတဲ့ ပုဂ္ဂိုလ်ဟာ အဆဲအဆိုတောင် မရှိတော့ဘူးဟေ့
အ တော့်ကို တော်တော့တာ အဲသလို ကြားရတာ ငါ စိတ်ချမ်းသာတယ်ဟေ့ လို့မ ပြောရဘူးလား
ဒါ ကုသိုလ်တွေပေါ့ကွဲ့
ဒါတွေကို ပိတ်ထားရင် ဟုတ်ပါ့မလား
အေး အဲသလိုလည်း စဉ်းစားဦး
အကျိုးရှိတာ မရှိတာ စဉ်းစားရမယ်
အကုသိုလ် ပယ် ရမှာ မဟုတ်လား ကုသိုလ်ကို ပြုလုပ်ရမှာ မဟုတ်လား
အကုသိုလ်တွေကျ ပိတ်စမ်းပါဗျ ဝစီ
ခုတော့ တဖွဖွ ပြောနေတာကိုး
ဟိုက ပယ်တာရယ် ဒီက ပိတ်တာရယ်
အခေါ်တော့ ကွဲမနေဘူးလား
သဘောသွား မတူဘူးလား
အဲသလိုလည်း စဉ်းစားပါအုန်း
တရားတမျိုး မဟုတ်ဘူးဟ
ကျေးဇူးတော်ရှင် မုံလယ်ဆရာတော်ကြီး
(29-3-1993/ygn)
No comments:
Post a Comment