>>>>>>>>>>>>>>>>>>>
သက်ရှိသတ္တဝါတဲ့ သေးမွှားသော ကမျဉ်းနီကစ ဆင်ကောင်ကြီးထိ သတ်မယ်ဆိုရင်....
ပါဏာတိပါတာကံ မထိုက်ဘူးလား...။
လောကကြီးထဲမှာ ရာဇဝတ်မှုဖြစ်ပြီးတော့ ထောင်ကျ တဲ့ ပုဂ္ဂိုလ် တွေမရှိဘူးလား... ။
ဒါ ပါဏာတိပါတာကံ ကျူးလွန်တာနော်။
သေသည်ရဲ့ အခြားမဲ့၌ ငရဲက လွတ်ပါ့မလား။
ငရဲက မလွတ်ဘူးနော်။
အဲဒါ သိထားဖို့ လိုတာပေါ့....။
အဲဒါ မသိတာတွေ... ဘယ်လို တွေ မသိကြတာလဲ လို့ ရှိသေးတယ်နော်။
အရည်လည်း မသောက်ရ အဖတ်လည်း မစားရဘဲနဲ့လေ....
ဘုန်းကြီး တို့ ခရီးသွားတဲ့ လာတဲ့အခါမှာ တစ်ယောက်နဲ့ တစ်ယောက် စုပြီးတော့ သန်းတုပ်တာတွေ မြင်ဖူးတယ်ကွဲ့။
ဒါ အဖတ်ကား စားရသလားကွဲ့
အရည်ကား သောက်ရသလား။ အကုသိုလ် နော်။
လောကမှာ ရာဇဝတ်မှုကတော့ မဖြစ်ဘူးပေါ့။
အပါယ်ကတော့ လွတ်ပါမလား။
အဲဒါ သိလို့လား မသိလို့လား။
မသိရင် သန်းသတ်တာပေါ့ကွဲ့။
အဲလို စိစစ်ဖို့မကောင်းလား။
ကျေးဇူးတော်ရှင် မုံလယ်တောရ ဆရာတော် ဘုရားကြီး
အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ ဘဒ္ဒန္တ သံဝရ
M.c 21 တိပ်အသံဖိုင်တရားတော်မှ စာစီပူဇော်ပါသည်။
မုံလယ်ဇ
No comments:
Post a Comment