=====================================================
ထမင်းပွဲ ထိုင်ကြဦးစို့။
ထိုင်ပြီ။ ထိုင်တဲ့အခါ ဆရာကြီး တွေ အဲဒီ လူဆရာကြီး။ ဘုန်းကြီး တွေ့တာ၊ တွေ့တာ။ အိမ်ရှင်က ထမင်းကျွေးတာ။ အဲဒီဆရာကြီး၊ တရားပြဆရာကြီးက အဲဒီအိမ်ကို ဝင်လာခဲ့တော့။ ရောက်မဆိုက် ထမင်းကို ပြင်ကျွေးတာ။ ပဲဟင်းရယ်၊ သရက်သီး ကုလားတည်ရယ်၊ ခရမ်းသီးနဲ့ အာလူးချက်ရယ်။ ဒီပြင်ဟာတော့ ပါပုံကျတယ်။ ပဲဟင်းက ဆားက တစ်စက်မှ မပါဘူး။ ဆီချက်နဲ့သပ်ထားတာ ကောင်းကောင်းမွန်မွန်။ တရားဟောဆရာကြီးက စားတာ။ ဘာမှ မပြောဘူး။
အိမ်ရှင်တွေ စားတော့ ဆားမပါ မှန်း သိတော့တာ။ အဘိုးရယ် အဘရယ် ဆားမေ့လို့ မခပ်မိတာ။ ဘယ်နှယ့် နင်ဟာ ဆားမပါ-ပါကားလို့ ဘာကြောင့် မပြောရတာလဲ။ ဆားမတောင်းရတာလဲ။ အိမ်ရှင်က မေးတာ။ ငါက ဧည့်သည်။ ဧည့်သည်။ ဧည့်သည်ဆိုတာ အိမ်ရှင်ကျွေးတာကို စားရတာတဲ့။ မင်းဟာ ဆားမပါဘူးဆို ဧည့်ကျယ်တဲ့။ ကြားလား။ ဧည့်ကျယ်တဲ့ကွဲ့။
ဧည့်သည်နဲ့ ဧည့်ကျယ်လုပ်ကြဦး။ နင်တို့ ဧည့်လုပ်တတ်မှာမဟုတ်ဘူး ကြားလား။ ဧည့်မလုပ်တတ် သေးဘူး။ သုတရှိမှ ဧည့်လုပ်တတ်တာ။ စဉ်းစားဖို့မကောင်းလား။ ဟဲ့ နင်ဟင်း ဆားမပါဘူးကွဲ့။ ယူခဲ့စမ်းဦးဆို။ အဲဒါ လင်တယောက် ရပြီ။ဟော အဘွားကြီးက ဆား တောင်းတော့တာ။ နင်ဟာ ဟဲ့ သာငွေ ဆားပေါ့တယ်။ ဆားယူခဲ့စမ်းအုံးကွဲ့။ ဟော လင်တယောက် ရပြန်ပြီ။ လိုချင်တာ တဏှာ မဟုတ်လား။ဒါ လင်တယောက်ရတာ။
ကဲ စဉ်းစား။ သူသူငါငါ သိတာက ကိုယ်လုံးကြီးကိုးလို့ထင်တာကိုး။ လိုချင်တာ ကိုယ်လုံးကြီးဟုတ်ကဲ့လား၊ တဏှာမဟုတ်ဘူးလား။ တဏှာ အကောင်အထည် ဟုတ်ကဲ့လား။ အကောင်အထည် မဟုတ်ဘူး။ သူက နာမ်တရားဗျား။ စဉ်းစားဖို့မကောင်းလား။ ဟော ဆားလိုတာ။ ဒါ လင်တယောက်ရတော့တာ။ ကဲ ပေါ့တာလို့ သိဖို့မလိုဘူးလား။ မြိုကြည့်လိုက်။ မြိုကြည့်ကာ အထဲကျတော့ ဆိုးကောင်းနှစ်ပါး ခွဲလို့ရရဲ့လား။ မရဘူး။
သည်လျှာဖျားမှာ သညာက လိမ်ထားတာ။ ဆားပေါ့တယ်လို့ သညာကမှတ်ထားတာ။ သညာသာမမှတ်ရင် တောင်းပါ့မလား။ဟော ကလေး အခါလည်ကျော်လေး ကျွေး။ ဆားပေါ့တယ်လည်းစားမှာ ပဲ။ ငန်လည်းစားမှာပဲ။ သို့ပေမဲ့ မျက်နှာတော့ ပြောင်းလာမယ်။ ငန်တော့ကား။ မပြောင်းလာဘူးလား။ အေး ကဲ ဆိုးကောင်းနှစ်ပါး ပါရဲ့လား။ ပြောင်းနေတာ ဖောက်ပြန်တာ။ ဖောက်ပြန်တဲ့သဘောနော်။
သိတဲ့သဘောလို့ မဟောဘူးလား။ ဖောက်ပြန်တဲ့သဘောနဲ့သိတဲ့သဘောကလွဲလို့ တခြား ရှိသေးရဲ့လား။ ဒါ-ရုပ္ပတီတိ ရူပံ။ ဖောက်ပြန်ပြီးတော့ မပျက်လား။ ပျက်ရင် ဖောက်ပြန်တဲ့တရားတွေ့သလား။ မရှိတာတွေ့သလား။ မရှိတာ အနိစ္စ၊ သိတာ မဂ္ဂ။နောက် တဏှာ လာသေးရဲ့လား။ တဏှာသေ ဥပါဒါန် မပြုတ်လား။ ဥပါဒါန် ပြုတ်ရင် ကာယကံ၊ ဝစီကံ၊ မနောကံ လာပါမလား။ မလာရင် နောက်ခန္ဓာ ဘယ်က ပေါ်မလဲ။နောက်ခန္ဓာမလာတာ နိရောဓ။ ကိလေသာ ချုပ်တာ နိဗ္ဗာန်။ ခန္ဓာချုပ်တာ နိဗ္ဗာန်။ ကိလေသာချုပ်ဖို့ အဓိကဗျား။
ဧည့်သည်လုပ်တတ်ကြအောင်လို့ ဟောရတာ။ ဧည့်သည်။ ဧည့်သည်ဆိုတာ အိမ်ရှင်ကျွေးတာ စားရတာ။ဘာမှ မပြောရဘူး ကြားရဲ့လား။ နင်ဟာ ဆားငန်တယ်ဟေ့ဆို မဟုတ်သေးဘူး။ ဆားပေါ့တယ်ဆို မဟုတ်သေးဘူးကြားလား။ အဲလို စိစစ်ဖို့ မကောင်းဘူး လား။ မသိခင် အလေ့အကျင့် မရှိခင်တော့ ဒါ ပြောရတာပေါ့။ အလေ့အကျင့်ရခါ ရပြီ။ ဟုတ်တယ်။
ကဲ သိတော့ ပယ်တော့တာ မပြောတော့ဘူး။ ခု ဒါ ပြောသေးတာက ဒါ အသိမပိုင်သေးလို့။ ကြားလား။ အဲလို စိစစ်ဖို့မကောင်းဘူးလား။ ဒါကြောင့် တရားသိဖို့အရေးကြ်ီးတယ်။ဒါတော့ တရားသိ အောင် ကိုယ်သိတဲ့တရားလေးဟာ မှန်၊မမှန် စစ်ဆေးဖို့မကောင်းလား။ ဘုန်းကြီးကို မမေးနဲ့။ ကိုယ်ဟာနဲ့ကိုယ်မေး။ ဘုန်းကြီးသင်မယ်။ ဒါ တရားသိတာ မသိတာ။ကဲ သူကိုမြင်ရတာ ရေစက်နီး တယ်။ မလာဘူးလား။ အဲဒီ ရေစက်နီးတာ အဆင်းအပေါ်မှာ ဖြစ်တာလား။ ပုဂ္ဂိုလ်သတ္တဝါ အပေါ်မှာ ဖြစ်တာ။ အဆင်းလို့ မြင်တဲ့အခါ ရေစက်နီးတာ တွေ့သေးရဲ့လား။ မတွေ့ဘူး။
သူကိုမြင်ရတာ မြင်ပြင်းကတ်တယ် မလာဘူးလား။ အဲဒါ အဆင်းအပေါ်မှာ ဖြစ်တာလား။ ပုဂ္ဂိုလ်သတ္တဝါ အပေါ်မှာ ဖြစ်တာ။ ပုဂ္ဂိုလ်သတ္တဝါမှာ ဖြစ်တာ။ သို့ ကိုယ်မြင်တဲ့တရား မမှန်သေးလို့ပေါ့။ မမှန်လို့ မြင်ပြင်းကတ်တာ လာပြီ။ မမှန်သေးလို့ ရေစက်နီးတာ လာပြီ။ မှန်ရင် ရေစက်နီးတာ ပါရဲ့လား။ မြင်ပြင်းကတ်တာ ပါရဲ့လား။ ကိုယ် တွေ့တာမှန်သွားပြီ။ သူများမေး စရာလိုသေးရဲ့လား။ အဲသလို လိုတာဗျား။ စဉ်းစားဖို့မကောင်းလား။
ကိုယ်နေမကောင်းတာ သူများသွားမေးလို့ ဘယ်သိမလဲဟဲ့။ ကိုယ်နေမကောင်းတာ ကိုယ်သိတာပ။ စမ်းပေးစမ်းပါဦးဟေ့။ မလာဘူးလား။ ဘယ်နှယ့် ကိုယ်နေမကောင်းတာ သူများမေးရမလို့ ပါ ဘယ်သိမလဲကွဲ့။ကိုယ်ဟာနဲ့ကိုယ် အသိဆုံး။ စဉ်းစားဖို့မကောင်းလား။ အဲသလို လေ့လာဗျ။ လေ့လာ။ ထိထိမိမိ။ သွေးပေါင်ချိန်။ မချိန်နဲ့ ဘုန်းကြီးက။ ကြားလား ကိုယ့်ကိုယ်ကိုသိတယ်။ ဒီနေ့ အားလျော့တယ်ဟေ့။ပေါင်ချိန်။ ဒါ သွေးပေါင်ချိန်ကျမယ်။ အားလျော့တယ်ဟေ့ ဒီနေ့ နေရတာ။ မပြောကြဘူး လား။ အေး ပေါင်ချိန် ကျပြီ။ ကဲ နေရတာပြေတယ်ဆို မှန်နေတော့တာ။ သိနိုင်တယ်ဗျား။
ကျေးဇူးတော်ရှင် မုံလယ်တောရ ဆရာတော်ဘုရားကြီး
မိုးကုတ်ဝိပဿနာ ကမ္မဋ္ဌာနာစရိယ
အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ ဘဒ္ဒန္တ သံဝရ။
၁၆.၅.၂ဝဝ၅
No comments:
Post a Comment