ပြောသံကြားတွေနဲ့ မလုပ်နဲ့ 
`````````````````````
´´´´´´´´´´´´´´´´´´´´´
ဘုန်းကြီးတို့ ရွာမှာ..... ဆရာတော် ဦးဒသမဆိုတာ ရှိတယ်။
ရန်ကုန်က ဦးစံသိန်းတို့တွေက ပင့်လို့ ...
ရန်ကုန်မှာ တရားဖွင့်မလို့ သထုံကို လေ့လာတယ်နော်။ဂန့်ဂေါ ရောက်တော့ သူ့ဌာနေ ရောက်တဲ့အခါကျတော့ မကျန်းမမာဖြစ်.... အဲဒါနဲ့ ဦးစံသိန်းတို့.. .
ကိုင်း ဒကာတို့ ကျေနပ်တဲ့ ပုဂ္ဂိုလ်ကိုပင့်ကြ ။
ကျုပ်တော့ ကျန်းမာရေး မညီညွတ်ဘူးလို့ စာပြန်လိုက်တာပေါ့။
အဲဒီတော့ သူ့ကျောင်းမှာ တရားတွေ ဘာတွေ ဖွင့်လို့် ဂူတွေ ဘာတွေ ကမ္မဋ္ဌာန်းကျောင်းတွေ ထားတာပေါ့။
ဒါက ဘယ်လို လေ့လာ။
သွား သွား သွား နင်တို့် ဂူထဲ ဝင်ကြ။
ဘယ်လိုများ မြင်လဲ ကြည့်ခဲ့ကြ ခိုင်းတာပေါ့။
တချို့ကလည်း ဒါဝင်ပြီ ကြည့်ပြီ ဆိုတဲ့အခါကျတော့....
ဘယ်လိုနေလဲ.... ဝင်းလို့ နေတယ်။
တချို့က ဘယ်လိုမြင်တယ် ပုံတော်တွေ။ ဘုရားပုံတော်တွေ မြင်တယ်။
တချို့က အေးပြီးတော့ နေတယ်။ ဒီလိုတွေပေါ့။
အမျိုးမျိုး တွေ့ဖူး ကြုံဖူး ကြားဖူးတာတွေ ပြောကြတာပေါ့လေ။
အမျိုးသမီးလေး အပျိုလေးက အေးမေတဲ့။
အဲဒီအမျိုးသမီးက သေပြီးပြီ။
သွားသွား နင်လည်း ဝင်ချေ... ကြည့်ချေလို့ ခိုင်းတော့တာ။
ကြည့်ဖို့ ခိုင်းတော့ ဝင်တော့တာ။ ဘုန်းကြီး ခိုင်းလို့သာ ဝင်ရတာကိုး။ ခပ်ကြောက်ကြောက် ကြားလား။
အတန်ငယ်ကြာတော့ နင်က ဘယ်လိုတွေ့သလဲ။
ကင်းများတွေ့မလား...မြွေများ တွေ့မလား
အဲဒါ တွေကို တွေးနေတာ တခြား ဘာမှ မတွေ့ဘူးတဲ့ ကြားလား။ နင်ကမှန်တယ် နင်ကမှန်တယ်တဲ့။
ဟိုလူတွေက သူများ ပြောသံကြားတာ စွက်ပြောတာ တခုမှ မဟုတ်ဘူးတဲ့။
နင်က နင့်ပင်ကိုစိတ် အတိုင်း ပြောတာ နင်ကမှန်တယ်တဲ့။
ကြားလား.... နင်က မှန်တယ်တဲ့ ။
သေချာချာလေ့လာနော်။ ဟိုဟာတွေက သူများ ပြောသံကြားတာ စွက်ပြောတာ ဘာမှ မဟုတ်ဘူး တဲ့။
အဲဒီလို ပြောဖူးတယ်...ကြားလား။
အခုလည်း ပြောသံကြားတွေနဲ့ မလုပ်နဲ့ 
ကိုယ့်ခန္ဓာက ပြတာကို ပြောရတာ။
တွေ့တာကို ပြောရမှာဟ။
သေချာချာလေ့လာနော်။
မြွေ မြွေချင်း ခြေမြင်တယ်တဲ့။ လိမ်လို့ မရဘူး။
ကျေးဇူးတော်ရှင် မုံလယ်တောရ ဆရာတော်ကြီး
အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ ဘဒ္ဒန္တ သံဝရ
ရှေးတိပ်တရားတော် mc.14မှ စာစီပူဇော်ပါသည်။
တပည့် မုံလယ်ဇ ။